ASEAN Online Sale Day (AOSD)

ASEAN Online Sale Day (AOSD)


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ Naypyitaw / August 06, 2020


COVID-19 ကပ်ရောဂါ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အွန်လိုင်းမှ ရောင်းဝယ်နိုင်ရေး အတွက် အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးနိုင်ရန် အာဆီယံနိုင်ငံများမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ e-Commerce သည် အသုံးဝင်သော အွန်လိုင်း ရောင်းဝယ်ရေး နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် အာဆီယံဒေသတွင်း Cross-Border e-Commerce လုပ်ငန်းများကို အားပေးမြှင့်တင်ရန်၊ သုံးစွဲသူယုံကြည်မှု ပိုမိုမြင့်မားလာစေရန်၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် e-Commerce ကဏ္ဍကို မြှင့်တင်ရန်နှင့် MSME များအား အားပေးမြှင့်တင်ရန် ရည်ရွယ်၍ “အာဆီယံ အွန်လိုင်း ဈေးရောင်းပွဲတော် (ASEAN Online Sale Day)” ကို အာဆီယံနေ့ (ASEAN Day) ဖြစ်သော ၈.၈.၂၀၂၀ ရက်နေ့၌ အင်တာနက်စာမျက်နှာ http://aseanonlinesaleday.com တွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အဆိုပါ အင်တာနက်စာမျက်နှာတွင် စုစည်းလွှင့်တင်ထားပြီးဖြစ်ပါ၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါ သည်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း (၁၄) ခုမှလည်း ပါဝင်၍ လွှင့်တင်ထားရှိပါသည်။ (၈.၈.၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ASEAN Online Sale Day တွင် အထူးလျော့ဈေး များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အဆိုပါ ASEAN Online Sale Day ကို နှစ်စဉ်ကျင်းပပြုလုပ်သွားရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ညှိနှိုင်းသဘောတူညီခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ASEAN Coordinating Committee on Electronic Commerce (ACCEC) နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

HOT NEWS
January 4,