Asean Regional Mine Action Center(ARMAC) နှင့် မိုင်းအန္တရာယ် အသိပညာပေး မြှင့်တင်ရေးအစီအစဉ် ဆွေးနွေး

Asean Regional Mine Action Center(ARMAC) နှင့် မိုင်းအန္တရာယ် အသိပညာပေး မြှင့်တင်ရေးအစီအစဉ် ဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 14, 2019
image_latest


 

နေပြည်တော် ဩဂုတ် ၁၃

မိုင်းအန္တရာယ်အသိပညာပေးမြှင့်တင်ရေး အစီအစဉ်ဆွေးနွေးပွဲ ကို ယနေ့ နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲ တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီး ဌာန ညွှန်န်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်း ထားသော National Mine Risk Education Working Group နှင့် Asean Regional Mine Action Center (ARMAC) မှ Execu-tive Director Mr. Ly Panharithနှင့် အဖွဲ့တို့ တက်ရောက် ဆွေးနွေးကြသည်။

ဆွေးနွေး ပွဲ၌ ညွှန်ကြားရေးမှူးချုပ်က Asean Regional Mine Action Center (ARMAC) ) နှင့် ပူးပေါင်းကာ မိုင်း အန္တရာယ် အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် Asean Regional Mine Action Center (ARMAC)မှ Executive Director နှင့်အဖွဲ့က အာဆီယံ ဒေသ တွင်းရှိ မိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် မိုင်း အန္တရာယ် အသိပညာပေး လုပ်ငန်းများ ပေါင်းစပ်လုပ်ဆောင် နိုင်ရန် မိုင်းအန္တရာယ် ကြုံတွေ့နေရ သည့် ဒေသ များတွင် သေကျေဒဏ်ရာရရှိမှု၊ မသန်စွမ်းဖြစ်မှု လျော့ကျ စေရန်၊ ထိုဒေသရှိ ပြည်သူများ၏ လူမှု/စီးပွားဘ၀ ဆိုးကျိုးများ လျော့ကျစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးသည်။

Asean Regional Mine Action Center (ARMAC)ကို ၂၀၁၂ ခုနှစ် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးမှ အာဆီယံခေါင်း ဆောင်များ၏ ဆုံးဖြတ် ချက်အရ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ တွင် ကမ္ဘောဒီးယားနိုင်ငံ၌ Asean Regional Mine Action Center (ARMAC)၏ ဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ရာ မြန်မာ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနတို့မှ အမြဲတမ်းကော်မတီဝင်နှစ်ဦး အဖြစ် ပုံမှန်အစည်းအဝေးများ တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်

 

HOT NEWS
January 4,