ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ

ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / January 21, 2020


ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆို လျှောက်ထားမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြားဖြတ်အစီအမံ (Provisional Measures) ချမှတ်မည်ဟု သိရှိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်းကို ထုတ်လွှင့်ခဲ့သည်။

အဆိုပါ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကိုကို(စက်မှုတက္ကသိုလ်)က ဆောင်ရွက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (ပူးတွဲကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ရှေ့နေကောင်စီ၏ အသိအမှတ်ပြု ရှေ့နေ ဦးသီဟန်မျိုးညွန့် (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) နှင့် ဝါရှင်တန်ဒီစီ အခြေစိုက် Law Firm တွင် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ၊ ဥပဒေရေးရာအကြံပေးအဖွဲ့ဝင် ဦးကျော်တင် (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များကို ဖော်ပြအပ် ပါသည် -

ဦးကိုကို ။ ။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ ကြားနာမှုနဲ့ ပတ်သက်ပြီး ICJ က အမိန့် ချမှတ်မယ်ဆိုတဲ့ သတင်းရရှိပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဉ် ဆောင်ရွက်ထားတယ် ဆိုတာသိချင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက စတင်ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဦးကျော်တင့်ဆွေ။ ။ ဆရာဦးကိုကို ပြောသလို ICJ ကိစ္စဟာ ပြည်သူလူထုအများကြီး စိတ်ဝင်စားနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းနိုးရာရာ ပြောနေ၊ ပြုနေတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ မှာ Provisional Measures cọcaToo ndotwo နိုင်ငံကနေ တင်သွင်းထားတဲ့ ကိစ္စကို ဆုံးဖြတ်ချက်ချဖို့ရှိပါတယ်။ အဲဒီဆုံးဖြတ် ချက်ချမယ့် ကိစ္စမှာလည်း ကျွန်တော်တို့နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ပြီးတော့ သွားရောက်ဖို့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လိုက်ပါစရာမလိုတဲ့အတွက် လိုက်ပါမှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ပူးတွဲကိုယ်စားလှယ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ အတူတူ စကားဝိုင်းမှာရှိနေကြတဲ့ ဒီပုဂ္ဂိုလ်သုံးဦးဟာလည်း ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ်ပါမှာ ဖြစ်ပါတယ်။

အဲဒါအပြင် ကျွန်တော်တို့ငှားထားတဲ့ နိုင်ငံတကာဥပဒေပညာရှင် ရှေ့နေများ အနေနဲ့လည်း ICJ ကို လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူကို ရှင်းပြသင့်တဲ့ အချက်တွေကိုရှင်းပြ နိုင်ခွင့်ရှိမှာ ဖြစ်တဲ့အတွက်လည်း များစွာကျေးဇူးတင်ပါတယ်။ ရှင်းပြဖို့လည်းလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုနက ကျွန်တော်ပြောသလိုပဲ ကောင်းနိုးရာရာပြောနေတဲ့ကိစ္စတွေက မှန်တာလည်းရှိတယ်၊ စိတ်ကူးနဲ့ ပြောတာလည်းရှိတယ်၊ ဘာသာရပ်ကျွမ်းကျင်မှု မရှိတဲ့အတွက် ပြောတာလည်း ရှိတယ်။ အဲဒီတော့ ပြည်သူတွေ တကယ့် အခြေအနေမှန်သိအောင် အခုလို စကားဝိုင်း လေးလုပ်ခြင်းဟာ များစွာအကျိုးရှိတယ်လို့ ထင်ပါတယ်။

ဦးကိုကို ။ ။ ICJ နဲ့ မြန်မာနိုင်ငံစကားဝိုင်းဆိုတော့ ကျွန်တော်တို့ ရှေ့ပိုင်းမှာလည်း ပြောထားပါတယ်။ အခုထပ်ပြီးတော့ ပြည်သူတွေလည်း သိစေချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ ICJ လို့ပြောပြောနေတဲ့ ICJ ဆိုတာဘာလဲ၊ ICJ မှာ ကိစ္စတစ်ခုခုဖြစ်လာရင် ဘယ်လိုမျိုးဖြေရှင်းကြသလဲ၊ အဆင့်ဆင့် ဆောင်ရွက်ပုံပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ဦးသီဟန်မျိုးညွန့် နည်းနည်းလောက် ဆွေးနွေးပေးပါ။

ဦးသီဟန်မျိုးညွန့်။ ။ ဒီမေးခွန်းကို ကျွန်တော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံထဲမှာ ICJ Provisional Measures ဆိုပြီး ကြားနေတာတွေ အများကြီးပါပဲ။ ကျွန်တော် ဘာစဉ်းစား မိလဲဆိုတော့ ကျွန်တော့်အစ်ကိုကြီးတစ်ယောက် ပြောလေ့ပြောထရှိတဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ညနေပိုင်းကစားရင် မိဘတွေက ကလေးတွေ အိမ်ထဲပြန်လာစေချင်ရင် ဒေဝေါကြီး လာဖမ်းသွားမယ်။ ဒေဝေါကြီး ရှိတယ်ဆိုပြီးတော့ ခြိမ်းခြောက်တာလေးတွေရှိတယ်။ အဲဒီတော့ ICJ ORI Provisional Measures of poss ကလည်း ဒေဝေါကြီးနဲ့ ဒေဝေါလေးပေါ့ဗျာ။ အဲဒီလိုမျိုး မြင်နေကြတာလေးတွေရှိတယ်။ ဒါကြောင့် ICJ Procedures ကို ရှင်းပြခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Provisional Measures ဆိုတာကို လွန်ခဲ့တဲ့လကလည်း အများပြည်သူ တော်တော်များများက TV မှာ တွေ့ရပါမယ်။ ကျွန်တော်တို့ သည်ဟိတ်ဂ်မြို့မှာ ကြားနာမှု ဆိုင်ရာကို သွားခဲ့ပါတယ်။ ဒါက Provisional Measures Stage ဆိုတော့ အမှန်တကယ်က ပွဲတောင်မစသေးဘူး။ ဒါပြီးမှ နောက်အဆင့်က ဘာဖြစ် လာမလဲဆိုတော့ Preliminary Objections တွေ၊ ကျွန်တော်တို့ ကန့်ကွက်ချင်တာတွေ ကန့်ကွက်လို့ ရပါသေးတယ်။ ကျွန်တော်တို့က ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုစဉ်းစားရမလဲဆိုတော့ ICJ တရားရုံး အနေနဲ့ရော တရားစီရင်ပိုင်ခွင့် ရှိသလား၊ မရှိဘူးလားဆိုတာကို ကျွန်တော်တို့က သေသေချာချာ Contest လုပ်ရပါမယ်။ ပြီးတော့မှ ကျွန်တော်တို့ရဲ့ ဘောလုံးပွဲက စမှာပါ။ ပြီးတော့မှ နောက်ဆုံး အဆင့်မှာမှ ကျွန်တော်တို့ရဲ့ အထောက်အထားတွေ၊ သူတို့ရဲ့ အထောက်အထားတွေ သွင်းရပါမယ်။

သူတို့ကလည်း သူတို့ရဲ့အထောက်အထားတွေ သွင်းမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ကျွန်တော်တို့မှာရှိတဲ့ Facts တွေ၊ ဘယ်ဥပဒေတွေ သုံးရမလဲ။ ဘယ်လိုမျိုးနည်းနဲ့ စဉ်းစားရမလဲ ဆိုတာကအစ သွင်းပြီးမှ နောက်ဆုံးအဆင့်မှာမှ ဆုံးဖြတ်ချက်ချမှာပါ။

ဦးကျော်တင့်ဆွေ။ ။ ဦးသီဟန်မျိုးညွန့် ပြောတော့မှ နောက်ဆုံး ဒေဝေါကြီး၊ ဒေဝေါကြီးဆိုတော့ ကျွန်တော်က ဘာကို သွားသတိရတုန်းဆိုတော့ ငယ်ငယ်က သင်ရတဲ့ စာအုပ်ထဲမှာ ဆင်ဆိုသည်မှာ ဆိုတာကို ခုနကပုံအတိုင်း ထင်မြင်ယူဆချက်တွေ အများကြီး ပြောနေတာရှိပါတယ်။ အဲဒီတော့ ကျွန်တော်က အကုန်လုံး မှားတယ် မပြောပါဘူး။ ။

ဦးကိုကို။ ။ ပြည်ထောင်စုဝန်ကြီး တင်ပြတာက ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်နဲ့ ဆင်ကြီး ကိစ္စထင်တယ်။

ဦးကျော်တင့်ဆွေ ။ ။ မှန်ပါတယ်။ မျက်မမြင်တဲ့အတွက် ဆင်ရဲ့နှာမောင်းကြီးကို ကိုင်ပြီးတော့ ဆင်ဆိုသည်မှာ မြွေပါလားလို့ ပြောတာလည်းရှိတယ်။ အဲဒီအခါကျတော့ ကိုယ့်အပိုင်း၊ ကိုယ့်အပိုင်းနဲ့ ပြောတော့ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်၊ ခြုံငုံပြီးပြောတော့မှ တကယ့်ဆင်ဆိုတာ ဘာဆိုတာ ပေါ်မှာပါ။

ဦးကိုကို။ ။ ဝန်ကြီးဆိုလိုတာက The Whole Picture ကြည့်တတ်ဖို့လိုတယ်၊ တစ်ခုချင်းစီပြောနေမယ့် အစား စုစည်းပြီးတော့မြင်တတ်ဖို့ လိုမယ်လို့ ပြောချင်တဲ့ မက်ဆေ့ချ်ပါ။ အခုကိစ္စကလည်း Provisional Measures နဲ့ ပတ်သက်တော့ ဆရာမ ဒေါက်တာသီတာဦးက Provisional Measures ကို နိုင်ငံတကာ ဉပဒေတွေနဲ့ လေ့လာထားတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောသဘာဝလေးတွေ ထပ်ပြီးတော့ ရှင်းပြပေးပါဦး။

ဒေါက်တာသီတာဦး။ ။ ပြီးခဲ့တဲ့စကားဝိုင်း တုန်းက ကျွန်မတို့ ဆွေးနွေးခဲ့သလိုပါပဲ။ Provisional Measures ချတယ်ဆိုတာက အမှုနိုင်ခြင်း၊ ရှုံးခြင်းနဲ့ မဆိုင်ပါဘူး။ အမှုက စတောင်မစရသေးပါဘူး။ ကျွန်မတို့ ပြီးခဲ့တဲ့ ခရီးစဉ်တုန်းက သွားခဲ့တာက Provisional Measures ပတ်သက်ပြီး ရှင်းလင်းဖို့ သွားပြီး ရင်ဆိုင်ခဲ့တာပါ။ အခု ၂၃ ရက်နေ့မှာ ကျွန်မတို့ကို Provisional Measures ချမှတ်ရန် သင့်၊ မသင့်ဆိုပြီး ဆုံးဖြတ်မှာကို ကျွန်မတို့က ဒုတိယခရီးစဉ်အနေနဲ့ သွားဖို့ရှိတာပါ။ ဂမ်ဘီယာနိုင်ငံ အနေနဲ့က ICJ မှာ မြန်မာနိုင်ငံကို ရင်ဆိုင်ဖြေရှင်းဖို့ တောင်းဆိုထားတဲ့ ခေါင်းစဉ်က ဂျီနိုဆိုက် (Genocide) ပါ။ လူမျိုးပြုန်းတီးမှု ရပ်ဆိုင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းလို့လည်း ပြောလို့လည်းရပါတယ်။

သူ့ခေါင်းစဉ်ကတော့ အကြီးကြီးပေါ့။ ဒါပေမယ့် သူကိုယ်တိုင်က သူ့ Application လျှောက်လွှာရဲ့ အပိုဒ် ၁၁၉၊ ၁၂၆၊ ၁၂၉ ပေါ့။ အထူးသဖြင့် အပိုဒ် ၁၁၉ ကို ဖတ်လိုက်ရင် ရေးထားတာက ရှင်းပါတယ်။ Provisional Measures ချဖို့ဆိုတာ သူတို့တင်ထားတဲ့ Application ပေါ်မှာ ကြည့်ပြီးတော့ တရားရုံးက ဆုံးဖြတ်ပေးပါ။ တရားရုံးက ဂျီနိုဆိုက် မြန်မာနိုင်ငံမှာ ကျူးလွန်ခြင်း ရှိ၊ မရှိတို့၊ တရားရုံးက စီရင်ပိုင်ခွင့် ရှိ၊ မရှိတို့၊ တရားရုံးက ဒီအမှုကို လက်ခံစစ်ဆေးခွင့် ရှိ၊ မရှိ တို့နဲ့ကို အတိအကျသုံးသပ်ရန် မလိုပါ ဘူးဆိုပြီး အပိုဒ် ၁၁၉ မှာ သူတို့ကိုယ်တိုင် ရှင်းထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ခေါင်းစဉ်တပ်ထားတဲ့အခါကျတော့ လူမျိုးပြုန်းတီးမှုရပ်တန့်ရေးဆိုင်ရာ ကွန်ဗင်းရှင်း ဆိုတော့ ခေါင်းစဉ်က အကြီးကြီးပါ။ ဒါပေမယ့် Provisional Measures  ချဖို့ဆိုတာကလည်း ICJ ရဲ့ Statute Article 41 မှာ လိုအပ်တယ်လို့ ထင်မြင်ယူဆလို့ရှိရင် Provisional Measures ချဖို့ ICJ မှာ အခွင့်အာဏာ ရှိပါတယ်။

ဒီတော့ နိုင်ငံတကာဥပဒေတွေအရ Provisional Measures ချဖို့ဆိုတဲ့ Criteria တွေက Prima facie Jurisdiction ဆိုတဲ့ ထင်သာရုံ၊ မြင်သာရုံနဲ့ ချနိုင်တယ်တို့၊ နောက်တစ်ခုက Plausible ယုတ္တိတန်လား၊ မတန်လားပေါ့။ တစ်ခုလောက်ကိုပဲ တရားရုံးက တွေ့လို့ရှိရင် ချလို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေ နိုင်ငံတကာ ဥပဒေမှာ ရှိပါတယ်။ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတဲ့အချက်အပေါ် မူတည်ပြီး ခေါင်းစဉ်က ဂျီနိုဆိုက် ဆိုတော့ လူမျိုးပြုန်းတီးမှုဆိုတာ တော်တော်ကြီးကို အရေးကြီးတဲ့ အတွက်ကြောင့် ဒါက ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုပြီးတော့ တရားရုံးကချမယ်ဆို ချလိုက်နိုင်တဲ့ အခွင့်အရေးကို ပေးထားတာပါ။

ဦးကျော်တင့်ဆွေ။ ။ တစ်နည်းပြောရရင် သာမန်တရားရုံးမှာဆုံးဖြတ်တဲ့ သူ့သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ Provisional Measures အတွက် လိုအပ်တဲ့သတ်မှတ်ချက် မတူပါဘူး။ Provisional Measures အတွက် လိုအပ်တဲ့ သတ်မှတ်ချက်က အင်မတန်မှ နိမ့်ပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်သည် ဆိုတဲ့ အချက်ကို ဖော်ပြနိုင်ရင် Provisional Measures ချလို့ရတယ်။ ဖြစ်ကောင်းဖြစ်နိုင်သည်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အခက်အခဲ ကလည်းဘာလဲဆိုတော့ လုံးဝကိုအခြေအမြစ် မရှိတဲ့အချက်တွေအပေါ်ကို မူတည်ထားတဲ့ FFM Reportပဲ ဖြစ်ပါတယ်။ FFM Report က ကုလသမဂ္ဂကနေပြီးတော့ လူ့အခွင့်အရေး ကောင်စီက လုပ်ထားတဲ့အတွက် ကုလသမဂ္ဂ Report လို့ ထင်ထားမြင်ထားတဲ့အချက်က ရှိပါတယ်။ သို့သော် ဒီအချက်တွေက မှန်သလား မမှန်ဘူးလားဆိုတာကို တကယ့်ကို စနစ်တကျ စိစစ်မှုမရှိဘဲ ချထားတဲ့ အစီရင်ခံစာပါ။ ဒီအစီရင်ခံစာကို အသုံးပြုထားတဲ့အတွက် ကုလသမဂ္ဂအစီရင်ခံစာလို့ လက်ခံလိုက်မယ် ဆိုရင် သူတို့အတွက် Prima facie ဆိုတဲ့ လိုအပ်ချက်က ပြည့်စုံသွားမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် သူတို့ရှေ့နေတွေက အင်မတန်မှ ကျွမ်းကျင်တယ်။ ICJ ရဲ့ Procedures ကလည်း အခြား Procedures နဲ့ မတူတာမို့ တစ်နည်းအားဖြင့်ပြောရရင် သူတို့ သာကိုသာနေတဲ့ နည်းလမ်းရှိတဲ့အတွက် Prima facie လောက်ပြနိုင်ရုံလောက်ကို သူတို့က အားယူပြီးတော့ Provisional Measures ကို တင်သွင်းခြင်း ဖြစ်ပါတယ်။

ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီးနဲ့ ရှေ့နေ ချုပ်ရုံးက ဆရာမတို့ ပြောတဲ့အတိုင်းဆို သတ်မှတ်ချက်က တော်တော်နှိမ့်ထားတယ်။ Genocide ရဲ့ သတ်မှတ်ချက်က မြင့်တယ်။ Provisional Measures က နိမ့်တယ်။ ဒါကို နိုင်ငံတကာဥပဒေ အတွေ့အကြုံရှိတဲ့ ဦးကျော်တင်အနေနဲ့ ဆက်ပြီးဆွေးနွေးပေးပါ။

ဦးကျော်တင် ။ ။ မြန်မာနိုင်ငံအနေနဲ့ Genocide Convention ကို ၁၉၅၆ ခုနှစ် ကတည်းက စဝင်တာပါ။ အဲ့ဒီအထဲမှာရှိတဲ့ Obligation တွေအားလုံးကို ကျေပွန်စွာ တာဝန်ယူပြီး ထမ်းဆောင်နေတဲ့ နိုင်ငံဖြစ်ပါ တယ်။ ဒါကို ဂမ်ဘီယာနိုင်ငံက တရားစွဲပြီးတော့ Genocide ဖြစ်ပါတယ်၊ Genocide Convention ကို ချိုး‌ဖောက်မှုဖြစ်ပါတယ်လို့ တရားစွဲလာတာပါ။ ကျွန်တော်တို့ နောက်မှ သိရတာက OIC က ကြံဖန်ပြီး တော့လုပ်တဲ့ ကိစ္စပါ။ ခုက Provisional Measures ကို Indicate လုပ်ကောင်းလုပ်နိုင်တယ်။ ချမှတ်ကောင်း ချမှတ်နိုင်မယ်။ အဓိကအချက်ကို မရောက်သေးဘူး။ ကျွန်တော် နှိုင်းယှဉ်ပြီး ပြောနိုင် တာက ဘောလုံးပွဲလိုပေါ့။ ဘောလုံးပွဲက စတောင်မစရသေးဘူး။ အခုမှ ဒိုင်လူကြီးက နှစ်ဖက်ကိုခေါ်ပြီး ပြောတယ်။ Genocide Convention အရဆိုရင် Obligation တွေရှိတယ်။ တာဝန်တွေရှိတယ်။ ပြန်ပြောမယ် ဒီတာဝန်တွေက ဒါတွေပဲဆိုတာကို ပြောသေးတဲ့ အဆင့်ပဲရှိတယ်။ ဘောလုံးပွဲက စတောင် မစသေးဘူး။ အဲဒါလေးကို မိဘပြည်သူတွေကို နည်းနည်း ရှင်းပြချင်ပါတယ်။

ဦးကိုကို ။ ။ ဦးကျော်တင် ဆွေးနွေးသွားတဲ့ အထဲကနေ စကားလုံးလေးတစ်လုံး ရလိုက်တယ်။ Indicate ဆိုတဲ့ စကားလုံးလေးပါ။ Provisional Measures က Indicate ဘယ်လိုဆက်စပ်နေပါသလဲ။

ဦးသီဟန်မျိုးညွန့် ။ ။ Provisional Measures Stage က ဆိုတာက နောက်ဆုံးပိတ်ချတဲ့ မှတ်ချက်မဟုတ်ဘူး။ Indicate Provisional Measures ဆိုတာ ချပြတာပါ။ ဒီလိုမျိုး Provisional Measures တွေကို ချမှတ်ဖို့ဆိုပြီး Indicate ပဲလုပ်တာ။ ဘာကြောင့်လဲဆိုတော့ Provisional Measures တွေ ချရခြင်းက ဘာကြောင့်လဲဆိုတာက ICJ Statute တွေမှာရေးထားတာက To Protect the Rights of the Parties ၊ ဂမ်ဘီယာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Rights တွေကို ကာကွယ်ပေးဖို့ပါ။ ဂမ်ဘီယာက တောင်းဆိုတဲ့ Right တွေကို ကာကွယ်ဖို့ပါ။ နောက်တစ်ချက်က Provisional Measures ကို Indicate လုပ်ရခြင်းအားဖြင့် Provisional Measures ချရခြင်းအားဖြင့် ဘာဖြစ်လဲဆိုတော့ ဒါကတရားရုံးကို ကာကွယ်တာနဲ့လည်း အတူတူပဲ။

တကယ်လို့ ဂျီနိုဆိုက် မဟုတ်ဘူးပဲထားဦး။ တရားရုံးအနေနဲ့က ဒီအမှုဖြစ်နေတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် သူ့တာဝန် ဖြစ်မှာလည်း မလိုလားဘူးလေ။ Provisional Measures ချခြင်းအားဖြင့် တရားရုံးကို ကိုယ့်ဘာသာကိုယ် ကာကွယ်တဲ့ သဘောလည်း ရှိတယ်။ ပြီးတော့ နောက်တစ်ခု ထပ်ထည့်ချင်တာက ဂျီနိုဆိုက်နဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ဂျီနိုဆိုက်နဲ့ ပတ်သက်တဲ့အမှု၊ Bosnia against Serbia i Croatia against Serbia ဒီအမှုတွေမှာလည်း Provisional Measures ကို တရားလိုနိုင်ငံဘက်က တောင်းခဲ့ရင် တရားရုံးအနေနဲ့က အမြဲတမ်းလိုလို ချပေးလေ့ ရှိပါတယ်။

ဦးကိုကို ။ ။ ဒါနဲ့ ဆက်စပ်ပြီး ၂၃ ရက်နေ့မှာ အမိန့်ချမယ်လို့ ပြောကြတဲ့အခါ Provisional Measures ချကောင်းချနိုင်တယ်ဆိုပြီး သုံးသပ်မှုတွေရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျာ။

ဦးသီဟန်မျိုးညွန့် ။ ။ ကျွန်တော့် အနေနဲ့ ပြောရရင်လည်း Provisional Measures ကို ချကောင်း ချနိုင်တယ်။ ဂမ်ဘီယာက တောင်းဆိုတာ အကုန်လုံးဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ ပြည်သူ ပြည်သားတွေ နားလည်ရမှာက Provisional Measures ချလိုက်တိုင်း ကျွန်တော်တို့က ဒီအမှုကို ရှုံးသွားတာ မဟုတ်ဘူး။ Provisional Measures ချလိုက်လို့ ပိုပြီး စိတ်ပျက် သွားတာ၊ စိုးရိမ်လာတာတို့ ဖြစ်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတာ အခုနက ဦးကျော်တင် ဆွေးနွေးတဲ့ အထဲမှာလည်း ပါပါတယ်။ ကျွန်တော်ကလည်း ထပ်ပြီးတော့ ဆွေးနွေးလိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂမ်ဘီယာက တောင်းဆိုတဲ့ Provisional Measures တွေကို ကြည့်မယ်ဆိုရင် အချက် ၁ နဲ့ ၂ နဲ့၊ သူတို့ တောင်းဆိုထားတာက မြန်မာနိုင်ငံအနေနဲ့ ဂျီနိုဆိုက် မဖြစ်အောင် ကာကွယ်ပေးပါ။ မြန်မာ နိုင်ငံရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်မတော်ပဲ ဖြစ်ဖြစ်၊ တခြား Paramilitary Units တွေပဲ ဖြစ်ဖြစ်၊ သူတို့ကနေ ဂျီနိုဆိုက်မလုပ်အောင် ကာကွယ်ပေးပါ။ ဒါက ၁ နဲ့ ၂ ပဲနော်။

ဒီ Obligation တွေ၊ ကျွန်တော်တို့ရဲ့တာဝန်တွေက ခုနက ဦးကျော်တင် ပြောသလိုပဲ၊ ကျွန်တော်တို့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ၁၉၅၆ ခုနှစ်ကတည်းက ပါဝင်လက်မှတ်ရေးထိုး လိုက်ကတည်းက ကျွန်တော် တို့မှာ နဂိုကတည်းက ရှိတဲ့တာဝန်တွေ ဖြစ်ပါတယ်။ ဒါတွေက အထူးမဟုတ်ပါဘူး။ ထပ်ပြီးတော့ လုပ်ရမယ့် တာဝန်တွေလည်း မဟုတ်ပါဘူး။ ပြီးတော့ အဲဒီထဲမှာပါတဲ့ အချက် နံပါတ် ၄ ပါ။ အဲဒါက လည်း Bosnial Serbia ကိစ္စပါတဲ့ Provisional Measures တစ်ခုဖြစ်ပါတယ်။

အဲဒီတုန်းကကျတော့ တစ်ဖက်နဲ့ တစ်ဖက် စစ်တိုက်နေတော့ တစ်ဖက်နဲ့တစ်ဖက် အရှိန်တွေပိုပြီးတော့ မမြင့်လာ အောင်လို့ တရားရုံးကနေပြီးတော့ ဒီတရား ရင်ဆိုင်မှုရှိနေပေမယ့် နှစ်နိုင်ငံ အရှိန်တွေ လျော့ထားပါဆိုတဲ့ သဘောရှိပါတယ်။ အဲဒါ မျိုးလေးတွေကျ ကျွန်တော်တို့အနေနဲ့က Provisional Measures တွေ ချလိုက်လို့ ကျွန်တော်တို့ အမှုကြီး ရှုံးသွားပါပြီ၊ အဲဒီလိုမျိုး မဟုတ်ပါဘူး။ အဲဒါတင်ပဲ မကဘူး။ တရားရုံး Provisional Measures ကို ချတာနဲ့ သူတို့ရဲ့ Opinion ထဲမှာ ဘာရေးထားသလဲ ဆိုတော့ ဒီ Provisional Measures တွေ ချလိုက်တိုင်း မြန်မာနိုင်ငံအနေနဲ့ ဒီအမှုကို ကျူးလွန်နေတာလို့ သူတို့ မထင်ပါဘူး။ သူတို့က Merits တွေ ဘာတွေ ကိုတောင် မကြည့်ရသေးဘူး။

အမှန်တကယ် ပြောရရင် ကျွန်တော် တို့ဘက်က တင်သွင်းရမယ့် Facts တွေ၊ Evidence တွေ၊ ဥပဒေ တွေကို ဘယ်လို နည်းမျိုးနဲ့ ကြည့်သင့်ပါတယ်၊ International Legal Precedents တွေကို ဘယ်လို နည်းနဲ့ သုံးသပ်သင့်ပါတယ်။ ဒါတွေက ဒီအဖြေတွေကို ဘာမှမသွားရသေးဘူး။ ခုနက ဦးကျော်တင်ပြော သလိုပဲ စစချင်းလေးပဲ ရှိသေးတယ်။ စစချင်းမှာ ဒိုင်လူကြီးက နှစ်ဖက်ဘောလုံးအသင်းကို ဘောလုံး ကန်တဲ့ အချိန်မှာ ကောင်းကောင်းကန်ဖို့၊ မညစ်ဖို့ အဲဒါမျိုး ခေါ်ပြီးပြောတဲ့ အဆင့်ပဲရှိပါသေးတယ်။

ဦးကျော်တင့်ဆွေ။ ။ ကျွန်တော် ဒီ Provisional Measures နဲ့ ပတ်သက်ပြီး ထပ်ပြီးတော့ ပြောချင် ပါသေးတယ်။ ခုနက ဦးသီဟန်မျိုးညွန့် ပြောသလိုပဲ Provisional Measures ကို တောင်းထားတဲ့ ကိစ္စတွေက ကျွန်တော်တို့ လုပ်နေတာတွေကို တောင်းထားတာ။ သဘောကတော့ ကျွန်တော် ဒီမှာ ထိုင်နေတယ်။ ထိုင်နေတဲ့ ဥစ္စာကို Provisional Measures က ဒီမှာထိုင်ပါလို့ ‌ပြောတဲ့သဘောနဲ့ အတူတူပါပဲ။ ကျွန်တော်ကတော့ ထိုင်နေတဲ့ ကိစ္စ။ ဘာကြောင့်လဲဆိုတော့ တချို့ Provisional Measures မှာ တောင်းဆိုတဲ့အချက်တွေကို ခုနကပြောသလိုပဲ။ ကျွန်တော်တို့အနေနဲ့ ဒီကွန်ဗင်းရှင်းကို ဝင်ကတည်းကိုက မလုပ်ပါဘူးလို့ ပြောထားတဲ့ကိစ္စ။ လွှတ်တော်ကို ပြောတုန်းကလည်း ကျွန်တော် တို့က ဒီကိစ္စကို အခုလည်း မလုပ်ဘူး၊ နောင်လည်း ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက် ရှိတယ်လို့ပြောရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဥပဒေကြောင်းအရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရှေ့နေတွေက သူတို့ တင်ပြချက်တွေကို အမြစ်ကနေ လှဲပြီးတော့ပယ်ချနိုင်တဲ့အဆင့်အထိ လုပ်ထားသော်လည်း ဒီကိစ္စကို လုပ်နေ၊ ကိုင်နေတဲ့ ဥစ္စာက တရားရေးသက်သက်၊ ဥပဒေကြောင်းသက်သက် ဟိုဘက်က လုပ်ဆောင်တာ မဟုတ်ပါဘူး။ သူတို့က နိုင်ငံရေး ဖိအားအနေနဲ့ ပေးနေတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ အပတ်မှာ ပြောခဲ့သလိုပဲ တရားရုံးကိုတောင် ခြိမ်းခြောက်တဲ့ ပုံစံမျိုးအနေနဲ့ ပြောခဲ့တာရှိတယ်။

ဒီကိစ္စကို တစ်ကမ္ဘာလုံးက ကြည့်နေတယ်နော်၊ ခင်ဗျားတို့ ဒီကိစ္စကို Provisional Measures မှ မချဘူးဆိုရင်တော့ ဆိုတဲ့ သဘောမျိုးပြောသွားပါတယ်။ မနေ့တစ်နေ့က ဘင်္ဂလားဒေ့ရှ်ရှိ Camps ၇ ခုမှာ ဆန္ဒပြပါတယ် ဆိုပြီးတော့ Provisional Measures ချပါ စသဖြင့် စာရွက်လေးတွေ ထောင်ပြီး တော့ ဆန္ဒပြမှုတွေကိုလည်း လုပ်ပြပါတယ်။ အင်္ဂလိပ်လို ပြောရင်တော့ State Manage လုပ်တယ် လို့ ပြောရမှာဖြစ်ပါတယ်။

အဲဒါမျိုးတွေ လုပ်နေတဲ့အခါ ကျွန်တော်တို့က ဥပဒေကြောင်းအရသွားတယ်။ သူတို့က နိုင်ငံရေး၊ ပြီးတော့ Emotion ။ Camps မှာနေတဲ့ သူတွေက သနားစရာပဲ၊ သနားစရာ ပုဂ္ဂိုလ်တွေက ဒီလိုပြောနေပါတယ်ဆိုပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူတို့ဘက်က ကြည့်တယ်ဆိုရင်တော့ တို့တော့ Provisional Measures ချနိုင်လိမ့်မယ်ဆိုပြီးတော့ သူတို့အနေနဲ့ ယူဆကောင်း ယူဆနေမယ်။ အဲဒီလို ချတယ်ဆိုရင်လည်း Provisional Measures ဘယ်လိုဟာမျိုး ချတယ်ဆိုတဲ့အပေါ်မူတည်ပြီး ကြည့်ရမှာပါ။

ခုနက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့ နိုင်ငံမှာ ဂျီနိုဆိုက်မရှိဘူးဆိုတာ အမှန်ပဲ။ ဒီအမှန်အတိုင်း လုပ်နေတဲ့ ဥစ္စာကို အေး- ခင်ဗျားတို့လုပ်ကြဟေ့လို့ပြောတဲ့ Provisional Measures မျိုး ချမယ်ဆိုရင် တော့လည်း ချနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒေါက်တာသီတာဦး ။ ။ ကျွန်မအနေနဲ့လည်း ဖြည့်စွက်ဆွေးနွေးရမယ်ဆိုရင် Provisional Measures က ကျွန်မတို့ကို ၆ ချက်တင်ထားတာပါ။ ဂမ်ဘီယာက ၆ ချက် တင်ထားတာပါ။ ဒီ ၆ ချက်စလုံးထဲမှာ တရားရုံးက အကုန်ချတာ သို့တည်းမဟုတ် တချို့ကိုပဲ ချမှတ်တာ ၊ ဒီ Provisional Measures မှာ မပါတဲ့ တရားရုံးကသင့်သည် ထင်မြင်တဲ့ဟာ ချမှတ်တာ ဒီလိုမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ရှေ့နေကြီးတွေ ဆွေးနွေးသွားတဲ့ အထဲမှာ မစ္စတာ ရှေးဘတ်စ်နဲ့ မစ္စဖီဘီ ဆွေးနွေးသွားတဲ့အထဲမှာ ခုနကပြည်ထောင်စုဝန်ကြီး အမိန့်ရှိသလို မစ္စတာရှေးဘတ်စ်ကတော့ ဂျီနိုဆိုက် လုံးဝမဟုတ်ဘူးဆိုတဲ့ အကြောင်းကို အမြစ်ကလှန်ထုတ်ပြီး တစ်ခါတည်း ဖြေရှင်းလိုက်ပြီ။ အပြီးသတ်မှာတော့ ကျွန်မတို့ နိုင်ငံဟာ ဂျီနိုဆိုက် ကျူးလွန်နေတဲ့ နိုင်ငံမဟုတ်ဘူးဆိုတဲ့ အဖြေထွက်လာဖွယ် ရှိပါတယ်။ ထွက်လာ မယ်လို့လည်း ယူဆပါတယ်။ UN နဲ့ ပူးပေါင်းဆောင်ရွက်ပါ။ လက်ရှိမှာ UN ရဲ့ အဖွဲ့အစည်းတွေ အကုန်လုံးက ဟိုမှာ အခြေစိုက်ပြီးတော့ UNDP UNFPA I ICRC အဖွဲ့ဝင်တွေ အကုန်လုံးက ဒီမှာ ပူးပေါင်းဆောင်ရွက်နေတာ လက်တွေ့မှာ ရှိပါတယ်။

ဦးကိုကို ။ ။ သူတို့က ယူဆချက်တစ်ခု ယူချင်တာပါ။ ရှင်းပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ပြီးသား ကိစ္စတွေကို ဆောင်ရွက်ပါ လို့ပြောနေတယ်။ အဲဒီတော့ ကျွန်တော်တို့က သူတို့တစ်စုံတစ်ခု ချမှတ် လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့က ပြန်လည်တုံ့ပြန်ဖြေရှင်းခွင့်၊ ဖြေရှင်းနိုင်တာ၊ Provisional Measures အပေါ်ပြောင်းလဲနိုင်တဲ့ ကိစ္စတွေ ကျွန်တော်တို့မှာ ဆောင်ရွက်ခွင့်ရှိသလား။

ဦးကျော်တင့်ဆွေ။ ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်ပါတယ်။ ICJ က ချတဲ့ ဆုံးဖြတ်ချက်တွေ အားလုံးက စောဒက တက်လို့မရဘူး၊ အယူခံဝင်လို့ မရဘူး။ အဲဒီအချက်ကတော့ အရေးကြီးတဲ့ အချက်ပါ။ ICJ မှာ ကျွန်တော်တို့ ဒီအမှုရောက်တယ်ဆိုတဲ့ ဥစ္စာကိုက နိုင်ငံအတွက် အင်မတန် ဂုဏ်သိက္ခာကျပါတယ်။ ပိုပြီးတော့ စိတ်ထိခိုက်ဖွယ်ကောင်းတယ်ဆိုတာက ကျွန်တော်တို့ မလုပ်တဲ့ကိစ္စ၊ မဟုတ်တဲ့ကိစ္စကို စွပ်စွဲခံရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစိုးရကို စွပ်စွဲတာလည်း မဟုတ်ဘူး၊ နိုင်ငံကို စွပ်စွဲတာပါ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အင်မတန်မှ ထိခိုက်တဲ့ကိစ္စ၊ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အင်မတန်မှ ထိခိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒါမျိုးအမှုကိစ္စဟာ ၅ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်ကြာတယ်။ အဲဒီအပိုင်းကို Merits Stage လို့ ခေါ်တယ်။ Merits Stage ဆိုရင်တော့ ကျွန်တော် ပြောရဲတယ်။ ကျွန်တော်တို့ နိုင်မှာပဲ။

အခု Provisional Measures ဆိုတာက အဲဒီဟာက နှစ်ပေါင်းများစွာ ကြာမှာဖြစ်တဲ့အတွက် အခြေအနေ မဆိုးအောင် လိုရမယ်ရ ဒီအချက်တွေကို ချမှတ်ပေးပါဆိုပြီး တောင်းထားတာပါ။ အခုနက ကျွန်တော်ပြောသလိုပဲ သူရဲ့ သတ်မှတ်ချက်ကတော့ နိမ့်တဲ့အတွက် Provisional Measures ချကောင်း ချနိုင်တယ်။ သို့သော် ကျွန်တော်တို့ သိရမယ့် ဥစ္စာက အမှုတောင် မစသေးဘူး။ အဆင့်တွေ အများကြီး သွားရဦးမယ်။ အဲဒီတော့ Provisional Measures ချတာကို မကြိုက်ရင် jurisdiction Challenge ဆိုတာ လုပ်လို့ရတယ်။ ဆိုလိုတာက တရားရုံးက ဆုံးဖြတ်ပိုင်ခွင့် ရှိ မရှိဆိုတာ ကျွန်တော်တို့က လျှောက်လဲလို့ရတယ်။ အဲဒီတော့ တရားရုံးက ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ Provisional Measures က အတည်ဖြစ်သွားမယ်။ အဲဒီကျမှ တကယ့်အမှုက စမှာ။ အခု အမှုက မစသေးဘူး။ အဲဒီကျမှ တကယ့် အမှုက စမှာ။ ကျွန်တော်တို့က Merits Case ရောက်လာရင်တော့ ဂျီနိုဆိုက်ဖြစ်ပေါ်ခြင်း လုံးဝမရှိတဲ့ အတွက် အမှန်တရားက ပေါ်လာမှာပဲ။ ကျွန်တော်တို့ နိုင်မှာပဲ။ အဲဒီအပိုင်းကတော့ အသေအချာပါပဲ။

ဦးသီဟန်မျိုးညွန့်။ ။ ကျွန်တော် ထပ်ပြီး ဖြည့်စွက်ချင်တာက ဒီ Provisional Measures အဆင့် ပြီးသွားတော့ Preliminary Objections ပြီးရင်တောင်မှ ပြီးမှ ကျွန်တော်တို့ရဲ့ Evidence တွေ သွင်းရ တာပါ။ အဲဒီမှာမှ ကျွန်တော်တို့ရဲ့ Counter Memorial လို့ ခေါ်တယ်။ Counter Memorial သွင်းပြီး တော့မှ ဒီ Merits Stage မှာ ကျွန်တော်တို့က ဟိုဘက်နဲ့ဒီဘက် ဘယ်ဟာက အမှန်တရားလဲဆိုတာ တရားရုံးက ဆုံးဖြတ်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် ICJ ကို သွားလဲဆိုတာ မေ့လို့ မရပါဘူး။

 

သတင်းအဖွဲ့

 

(ဆက်လက်ဖော်ပြပါမည်)

HOT NEWS
January 4,