ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများအား သီခြားစီလက်ခံတွေ့ဆုံ - ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများအား သီခြားစီလက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများအား သီခြားစီလက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 16, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၅

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Saurabh Kumar နှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများအား ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၏ မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ဒေသခံပြည်သူများ၊ လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် စက်မှု၊ လက်မှုသင်တန်းများအား ပခုက္ကူနှင့် မြင်းခြံမြို့များတွင် အိန္ဒိယနိုင်ငံ အစိုးရက စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင်လည်း အလားတူ ကာလတို၊ ကာလရှည် သင်တန်းများ ဖွင့်လှစ်မည့်ကိစ္စ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိန္ဒိယနှင့် မြန်မာပူးပေါင်းဆောင်ရွက်မှုအရ ၅ နှစ်တာ ကာလအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅သန်း၊ စုစုပေါင်း(၂၅)သန်းဖြင့် ပူးတွဲစီမံချက်များ ဆက်လက် အကောင် အထည်ဖော်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။

အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဆောင် ရွက်မည့် ရှေ့လုပ်ငန်းအစီအစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ပူးပေါင်းပါဝင်နိုင်မည့်ကိစ္စ၊ ဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသော မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအား ထောက်ပံ့ကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •