သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှုချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်း ကော်မတီ အစည်းအဝေးကျင်းပ - သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှုချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်း ကော်မတီ အစည်းအဝေးကျင်းပ

သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှုချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်း ကော်မတီ အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 16, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၅

သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှု ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရုံးအမှတ်(၁၆) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က စုပေါင်းဆောင်ရွက် သည့် သမဝါယမ အလေ့အထ ကောင်းများ အခြေခံပြီး အသေးစားနှင့် အလတ်စားကုန်ထုတ်မှုများ ဖွံ့ဖြိုးလာစေရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်လျက်ရှိနေသကဲ့သို့ ချေးငွေများ အပြည့်အဝ ပြန်လည်ရရှိရေး၊ အသင်းသားများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ကိုလည်း ထည့်သွင်းတွက်ချက်ပြီး သမဝါယမအသင်းများ၏ ငွေကြေး အရင်းအနှီးများ တောင့်တင်းစေရန်နှင့် သမဝါယမပုံရိပ်ကောင်းများ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဗဟိုသမဝါယမ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေ၊ သမဝါယမ ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သမဝါယမ အသေးစားအရင်းအနှီး ချေးငွေများထုတ်ချေးခြင်း၊ ပြန်လည် ပေးဆပ်ခြင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ချေးငွေ ထိရောက်မှု ရှိစေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ကြီးကြပ်မှုစနစ် ပိုမိုကောင်းမွန်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အပြင် အသင်းသားများ ချေးငွေပေးဆပ်ရာတွင် အဆင်ပြေစေရေးအတွက် မူလက ခြောက်လတစ်ကြိမ် အတိုးအရင်းအားလုံး ပေးဆပ်သည့် စနစ်ကျင့်သုံးရာမှ ပထမခြောက်လတွင် ထုတ်ချေးငွေ၏ ၁၆ ပုံ တစ်ပုံ အရင်းနှင့် ကျသင့်အတိုး ကိုသာ ပေးဆပ်ခွင့်ပြုခြင်းနှင့် ဒုတိယ ခြောက်လ (တစ်နှစ်ပြည့်ချိန်)တွင် ထုတ်ချေးငွေ အရင်း + အတိုး အားလုံးအပြေအကြေ ပေးဆပ်သည့်စနစ်ဖြင့် ဖြေလျှော့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •