ဓနုဖြူမြို့၊အမှတ်(၁၅)ရပ်ကွက်အတွင်းထင်ရှားသောသမိုင်းဝင်နေရာများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ | Dec 11, 2018

ထင်ရှားသည့်သမိုင်းဝင်အမည် - စစ်သူကြီးမဟာဗန္ဓုလ( သတိုးသုဓမ္မမဟာဗန္ဓုလ) တည်ရှိသည့်နေရာ - အမှတ်(၁၅)ရပ်ကွက်၊ဓနုဖြူမြို့ သမိုင်းအကျဉ်း မြန်မာသက္ကရာဇ်၁၁၄၄-ခု၊ တန်ဆောင်မုန်းလဆန်း(၉)ရက်နေ့တွင် အလုံတိုက်နယ်၊ ပေယင်းရွာ၌တောင်သူကြီးအဘဦးပေါက်တော၊ အမိဒေါ်မိငြိမ်းတို့မှ ဖွားမြင်ခဲ့ပါသည်။ ဘိုးတော်ဘုရားဘဒုံမင်းလက်ထက်သားတော်အိမ်ရှေ့မင်းအိမ်တော်၌ကိုယ်ရံတော်အဖြစ်အမှုထမ်းခဲ့ပါသည်။ အိမ်ရှေ့မင်းနတ်ရွာစံသော် အိမ်ရှေ့မင်း၏သားတော် စစ်ကိုင်းမင်းသား၏ အိမ်တော်၌ဆက်လက်အမှုထမ်းရာ ပြတိုက်သံတော်ဆင့်ရာထူး ချီးမြှင့်ခြင်းခံရသည်။ ထိုမှတဆင့် ဒီပဲရင်းမြို့ဝန်အရာသို့ နေမျိုးသူရရဲခေါင်ဘွဲ့ဖြင့် တိုးမြှင့်ချီးမြှင့်ခြင်းခံခဲ့ရပါ သည်။ ဘိုးတော်ဘုရားလက်ထက် မဏိပူရစစ်ပွဲတွင် တမုဗန်းသာကြောင်းချီ၍ အမှုထမ်း ခတော်ဆင့်ရာထူးချီးမြှင့်ခြင်းခံရသည်။ တဖန်အာသန်ပြည်နယ်စစ်ပွဲတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲ ဝင်နိုင်သဖြင့်အထူးထင်ရှားလာသည်။ ဘိုးတော်ဘုရားနတ်ရွာစံ၍ နောင်အခါဘကြီးတော် ဘုရားဟုတွင်သော အိမ်ရှေ့စံစစ်ကိုင်းမင်းသားမင်းအဖြစ်သို့ ရောက်သောအခါအလုံမြို့ဝန် ဖြစ်လာ၍မဟာဗန္ဓုလဘွဲ့ချီးမြှင့်ခြင်းခံရသည်။ ထို့နောက်ဒုတိယအကြိမ် မဏိပူရသို့ ချီတက် ရာတွင်လိုက်ပါခဲ့ပါသည်။ ထို့နောက်ဒုတိယအကြိမ်အာသံပြည်သို့ ချီရာတွင်အဂ္ဂမဟာ သေနာပတိဝန်ကြီးအဖြစ်ဖြင့်အမှုတော်ထမ်းခဲ့ပါသည်။ ပထမမြန်မာ-အင်္ဂလိပ် စစ်ပွဲအစ၌ ရှင်မဖြူကျွန်းကို သိမ်းယူသောဗြိတိသျှတို့ကို တိုက်ခိုက်တွန်းလှန်သောအခါ ပန်းဝါတိုက်ပွဲ၌ ဗြိတိသျှတပ်တစ်တပ်ကိုအောင်နိုင်ခဲ့ပါသည်။ ဗြိတိသျှတို့ရေကြောင်းမှချီ၍ ရန်ကုန်ကို သိမ်းသောအခါနေပြည်တော်မှ ပြန်ခေါ်သဖြင့် မဟာဗန္ဓုလသည် နေပြည်တော်သို့ ပြန်လာခဲ့ပြီးသတိုးသုဓမ္မမဟာဗန္ဓုလဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ ထို့နောက်ရန်ကုန်တွင် ဗြိတိသျှတို့ကို တိုက်ခိုက်တွန်းလှန်ရန်ပြင်ဆင်ပြီးနောက် ရန်ကုန်သို့စုန်ဆင်းချီတက်ခဲ့ ပါသည်။ မြန်မာသက္ကရာဇ်၁၁၈၆-ခု၊ နှောင်းတန်ခူးလဆန်(၁၄)ရက်နေ့တွင် ဓနုဖြူခံတပ်မှ ဗြိတိသျှတို့ကိုရဲဝင့်စွာခုခံတိုက်ခိုက်ရင်းဗြိတိသျှတို့ဘက်မှအမြှောက်ကျည်ဆံထိမှန်သဖြင့်သူရဲကောင်းစစ်သေနာပတိပီသစွာ အသက်စွန့်ခဲ့ပါသည်။ စစ်သူကြီးမဟာဗန္ဓုလအား ဂုဏ်ပြုသောအားဖြင့်ဓနုဖြူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ၊ နိုင်ငံတော်ပါဠိတက္ကသိုလ် တောင်ပေါ်ကျောင်းတိုက်ကြီးအတွင်း၌ မဟာဗန္ဓုလအုတ်ဂူကို (၁.၄.၁၈၂၅)ရက်နေ့တွင်တည်ဆောက်ခဲ့ပါသည်။ ၁၉၆၂-ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် စစ်သူကြီးမဟာဗန္ဓုလအားဂုဏ်ပြုသောအားဖြင့် မဟာဗန္ဓုလမြင်းစီးကြေးရုပ်နှင့် ပန်းခြံအား ပါဠိတက္ကသိုလ်တောင်ပေါ်ကျောင်းတိုက်၏ ဘေးတွင်အမှတ်တရတည်ဆောက် ထားရှိခဲ့ပါ သည်။ မဟာဗန္ဓုလခံတပ်သည် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက်အားပိုင်းခြား ထားသောနယ်နိမိတ်အဖြစ် တည်ရှိပါသည်။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဓုလသည် ရှေးမွန်မင်းများ တည်ဆောက်ခဲ့သော မြို့ရိုးဟောင်းကိုခံတပ်အဖြစ် အခိုင်အမာပြုပြင်တည်ဆောက်ပြီးအင်္ဂလိပ် စစ်တပ်များကိုခုခံတိုက်ခိုက်ခဲ့ပါသည်။ ဓနုဖြူခံတပ်ကိုဧရာဝတီမြစ်နှင့် အပြိုင်ဆင်ခြေလျောရှိသည့် မြစ်ကမ်းတစ်လျှောက် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီးအလျား(၁)မိုင်ခန့်၊ ခံတပ်မြေသားအကျယ်မှာ မြေမျက်နှာပြင် အနေအထားကိုလိုက်၍ ကိုက်(၅၀၀)မှ ကိုက်(၈၀၀)အထိကျယ်ဝန်းပါသည်။


V

viet nam

4 Years Ago

သင်အွန်လိုင်းဗီယက်နမ်နိုင်ငံတွင်ဟိုတယ်များစာအုပ်ဆိုင်ဖို့လိုအပ်လျှင်, သင် http://www.dulichso.com စစျဆေးနိုငျ

0 0
Reply
J

juliet

4 Years Ago

Thanks for sharing.

0 0
Reply
AN

Aung Nyein

4 Years Ago

မြန်မာနိုင်ငံမှာ သမိုင်းဝင်နေရာတွေ အများကြီးရှိပါတယ်

0 0
Reply
A

arema

4 Years Ago

Good information and great service..visit https://www.travelloratour.com

0 0
Reply
H

healthcare

5 Months Ago - Edited

နောက်ဆုံးပေါ် အသုံးဝင်သော ဆေးဘက်ဆိုင်ရာ အချက်အလက်များကို သင့်အား မျှဝေပါ။

https://trungtamytecamle.com/review-phong-kham-da-khoa-hung-thinh-380-xa-dan-dong-da-ha-noi

https://trungtamytecamle.com/top-7-phong-kham-da-khoa-quan-dong-da-uy-tin-tai-ha-noi

https://trungtamytecamle.com/blog/kham-phu-khoa-o-dau-tot-nhat.htm

https://trungtamytecamle.com/blog/tu-van-phu-khoa-online.htm

https://trungtamytecamle.com/blog/bac-si-kham-phu-khoa-gioi-o-ha-noi.htm

https://trungtamytecamle.com/blog/cach-pha-thai-an-toan-nhat.htm

https://trungtamytecamle.com/blog/chi-phi-pha-thai-bang-thuoc.htm

https://trungtamytecamle.com/blog/mua-thuoc-pha-thai-o-dau.htm

https://trungtamytecamle.com/blog/kham-nam-khoa-o-dau-tot-nhat.htm

https://trungtamytecamle.com/blog/tu-van-nam-khoa-online.htm

https://trungtamytecamle.com/blog/chi-phi-cat-bao-quy-dau.htm

https://trungtamytecamle.com/blog/cat-bao-quy-dau-o-dau-ha-noi.htm

https://trungtamytecamle.com/blog/chi-phi-cat-day-ham-bao-quy-dau.htm

https://trungtamytecamle.com/blog/kham-xuat-tinh-som-o-dau.htm

https://trungtamytecamle.com/blog/chi-phi-cat-tri-bao-nhieu-tien.htm

https://trungtamytecamle.com/blog/cach-chua-benh-tri-tai-nha-hieu-qua.htm

https://trungtamytecamle.com/blog/chua-benh-lau-o-dau-tot.htm

https://trungtamytecamle.com/blog/cach-chua-benh-lau.htm

https://trungtamytecamle.com/blog/cach-chua-sui-mao-ga.htm

https://trungtamytecamle.com/blog/kham-benh-giang-mai-o-dau.htm

https://trungtamytecamle.com/blog/cach-chua-benh-giang-mai.htm

https://trungtamytecamle.com/blog/kham-benh-xa-hoi-o-dau.htm

https://trungtamytecamle.com/blog/chua-hoi-nach-o-dau-tot.htm

https://trungtamytecamle.com/blog/cach-tri-hoi-nach-vinh-vien.htm

0 0
Reply