"CPU များ အတွက် အာဂျင်ဒါ (၆)ချက်" ဆောင်းပါး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် | Aug 30, 2019

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း(၁၈)ခုရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက် နေ့အထိ နည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂၀၁၉)ကိုလည်းကောင်း၊ ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ နည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂၀၁၉)ကိုလည်းကောင်း၊ ၂၀၁၉ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ICT နည်းပညာကို အခြေခံရေးဆွဲထားသည့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာ Proactive Beneficiary Engagement ( PBE) Web Applicationကို CPU Toolkit အဖြစ် အသုံးပြုနိုင်ရေးသင်တန်းကိုလည်းကောင်း ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။

၂။ ၎င်းသင်တန်းများမှ ဆွေးနွေးမှုရလဒ်ဖြစ်သည့် CPU အဖွဲ့များ၏ ရှေ့လုပ်ငန်းစဉ်(၆)ရပ် အား ပြည်သူများမှ လေ့လာဖတ်ရှုနိုင်ရန် ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်ရေးသားသည့် "CPU များ အတွက် အာဂျင်ဒါ (၆)ချက်" ဆောင်းပါးအား ဖော်ပြအပ်ပါသည်။