နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် (PR) လျှောက်ထားခြင်း


နိုင်ငံခြားရေးဝန်ကြီးဌာန / June 27, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

ကျွမ်းကျင်ပညာရှင်များ

ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်း/ ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ (၃) စောင်၊ လုပ်ငန်းအတွေ့အကြုံ အထောက်အထား၊ သက်တမ်းအနည်းဆုံး တစ်နှစ်ရှိ အလုပ်ခန့်စာ မူရင်းနှင့် မိတ္တူ (၃)စောင်၊

ရင်းနှီးမြှုပ်နှံသူ

ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် ကုမ္ပဏီ စာရွက်စာတမ်းများ၊

မြန်မာနိုင်ငံသားဟောင်း

sponsor ပေးသူ၏ထောက်ခံချက်၊ မိဘဘိုးဘွားစိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ၊ ကာယကံရှင် ကိုင်ဆောင်ခဲ့ဖူးသော စိစစ်ရေးကတ် မိတ္တူ

Relative Myanmar

တရားဝင် လက်ထပ်စာချုပ် Notary

မိသားစုဝင်

အသက်အပိုင်းအခြား စိစစ်ချက်၊ မွေးစာရင်း နိုတြီ၊ မူရင်းနိုင်ငံတော်၏ အိမ်ထောင်စု စာရင်း၊

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက်စာတမ်းများ

  • လျှောက်ထားသူ၏ Passport မူရင်းနှင့် မိတ္တူ (၃) စောင်
  • ID Card မူရင်းနှင့် မိတ္တူ (၃) စောင်
  • ကျန်းမာရေးထောက်ခံစာ မူရင်းနှင့် မိတ္တူ (၃) စောင်
  • Colour Photo (၃) ပုံ (၁.၅ x ၂ လက်မ)
  • နေထိုင်မှုအချက်အလက်များ
  • ကိုယ်ရေးအချက်အလက်များ
  • လက်မှတ်နှင့််လက်ဗွေ

ကျွမ်းကျင်ပညာရှင်များ

ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်း/ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ (၃) စောင်၊ လုပ်ငန်းအတွေ့အကြုံ အထောက်အထား၊ သက်တမ်းအနည်းဆုံး တစ်နှစ်ရှိ အလုပ်ခန့်စာ မူရင်းနှင့် မိတ္တူ (၃)စောင်၊

ရင်းနှီးမြှုပ်နှံသူ

ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် ကုမ္ပဏီ စာရွက်စာတမ်းများ၊

မြန်မာနိုင်ငံသားဟောင်း

sponsor ပေးသူ၏ထောက်ခံချက်၊ မိဘဘိုးဘွားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ၊ ကာယကံရှင် ကိုင်ဆောင်ခဲ့ဖူးသော စိစစ်ရေးကတ် မိတ္တူ၊

Relative Myanmar

တရားဝင် လက်ထပ်စာချုပ် Notary

မိသားစုဝင်

အသက်အပိုင်းအခြား စိစစ်ချက်၊ မွေးစာရင်း နိုတြီ၊ မူရင်းနိုင်ငံတော်၏ အိမ်ထောင်စုစာရင်း၊

လျှောက်ထားရန်အဆင့်များ

အဆင့်် ၁

ပြည့်စုံစွာဖြည့်စွက်ထားသော သတ်မှတ်ပုံစံ အမန ၁ (အင်္ဂလိပ်) လျှောက်လွှာအား နည်းဥပ​ဒေပါ သတ်မှတ်ပြဌာန်းချက်များနှင့််အညီ မိတ္တူ (၃) စုံကို ပြုစု၍ ကာယရှင်ကိုယ်တိုင် လာရောက်တင်ပြရမည်။

အဆင့်် ၂

သက်တမ်းရှိသော Passport မူရင်းများနှင့်် မြန်မာနိုင်ငံတွင် တစ်ဆက်တည်း နေထိုင်ခဲ့သောကာလ အထောက်အထားများကို အောက်ပါအတိုင်း တင်ပြရမည်။

(ကျွမ်းကျင်/ရင်းနှီး) နိုင်ငံခြားသားဖြစ်ပါက (၃) နှစ်နေထိုင်ခဲ့သည့် Visa & Stay Permit ဆိုင်ရာ အထောက်အထားများ (နိုင်ငံကူးလက်မှတ်၊ လေဆိပ် အဝင်/အထွက် တံဆိပ် မိတ္တူ စသည်)

(မြန်မာနိုင်ငံသားများနှင့််ဆက်စပ်သူ) နိုင်ငံခြားသားဖြစ်ပါက (၂) နှစ်နေထိုင်ခဲ့သည့် Visa & Stay Permit ဆိုင်ရာ အထောက်အထားများ (နိုင်ငံကူးလက်မှတ်၊ လေဆိပ် အဝင်/အထွက် တံဆိပ် မိတ္တူ စသည်)

မြန်မာနိုင်ငံသားဟောင်းဖြစ်ပါက ပြည်ဝင်ဗီဇာ ဖြင့််ဝင်ရောက်နေထိုင်ခဲ့သည့် Visa & Stay Permit ဆိုင်ရာ အထောက်အထားများ (နိုင်ငံကူးလက်မှတ်၊ လေဆိပ် အဝင်/အထွက် တံဆိပ် မိတ္တူ စသည်)

အဆင့်် ၃

တာဝန်ကျဝန်ထမ်း၏ စိစစ်မေးမြန်းချက်များကို အထောက်အထားများဖြင့် ပြည့်စုံမှန်ကန်စွာ တင်ပြရမည်။

အဆင့်် ၄

သံရုံးတာဝန်ခံအရာရှိမှ လျှောက်လွှာလက်ခံပါက ကနဦး PR လျှောက်ထားမှုအတွက် ပြန်လည်ထုတ်ယူ၍မရသည့် အမေရိကန် ဒေါ်လာ (၅၀၀) ကို မြန်မာသံရုံးတွင် ပေးသွင်းရမည်။

အဆင့်် ၅

ငွေပေးသွင်းပြီးပါက ငွေလက်ခံပြေစာ မူရင်းနှင့််မိတ္တူများကို အရာရှိထံပေးအပ် ပြီးနောက် မိမိတင်ပြထားသည့် အထောက်အထားမူရင်းများကို သံရုံးတာဝန်ခံအရာရှိရှေ့၌ စစ်ဆေးပြီး အမန ပုံစံ− ၁၊ အပိုင်း(က) လက်ခံရရှိခြင်း စာမျက်နှာ (၃) တွင် ကာယကံရှင်မှ လက်မှတ်ရေးထိုး၍ ပြန်လည်ထုတ်ယူရမည်။

ဆက်သွယ်ရမည့်လိပ်စာ

မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ

Website လိပ်စာ

www.mofa.gov.mm