မြန်မာ့စာတိုက်လုပ်ငန်းမှ Online Shopping လုပ်ငန်းများအတွက် ပေးဝေခြင်းနှင့်ငွေကောက်ခံပေးခြင်း (ePost) ဝန်ဆောင်မှုလုပ်ငန်း

ဆက်သွယ်ရေး





မြန်မာ့စာတိုက်လုပ်ငန်းမှ Online Shopping လုပ်ငန်းများအတွက် ပေးဝေခြင်းနှင့်ငွေကောက်ခံပေးခြင်း (ePost) ဝန်ဆောင်မှုလုပ်ငန်း

လုပ်ငန်းသုံးဝန်ဆောင်မူ

လုပ်ငန်းသုံးဝန်ဆောင်မှုသည် မြန်မာ့စာတိုက်မှ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ပစ္စည်းများကို ePost System သုံးပြု၍ ပို့ဆောင်ခြင်းနှင့်ငွေကြေးကဏ္ဍကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်သော ဝန်ဆောင်မူအသစ်ဖြစ်ပါသည်။ 

လုပ်ငန်းသုံးဝန်ဆောင်မှုတွင်အောက်ပါ အားသာချက်များပါဝင်ပါသည်။

စာတိုက်မှ မိမိတို့ပေးပို့သည့် ကုန်ပစ္စည်းတန်ဖိုးကို အချိန်တိုအတွင်းမြန်ဆန်စွာ လက္ခံနိုင်ခြင်း။

မိမိတို့ပေးပို့သော ကုန်ပစ္စည်း၏ ရောက်ရှိနေသော တည်နေရာကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း။

မိမိတို့ပေးပို့သော ကုန်ပစ္စည်းတန်ဖိုးကို သက်သာသော နှုန်းထားဖြင့် ကောက်ခံပေးခြင်း။

ကောက်ခံထားသော ကုန်ပစ္စည်းတန်ဖိုးကို လက်ခံသူမှ ကောက်ခံရရှိပြီး ၃ ရက်အတွင်း စာရင်းရှင်းတမ်းနှင့်တကွ လူကြီးမင်းတို့၏ ဘဏ်အကောင့်သို့ ထည့်ပေးခြင်း။

အခက်အခဲတစ်စုံတစ်ရာရှိလာပါက လျှင်မြန်စွာဖြေရှင်းပေးခြင်း။

ဝန်ဆောင်မှုလျောက်ထားရန် လိုအပ်ချက်များ

ပိုင်ရှင်ကိုယ်တိုင်လာရောက်လျှောက်ထားပါက အောက်ပါအချက်အလက်များလိုအပ်ပါသည်။

Company Licence ၏ မူရင်းနှင့်မိတ္တူ (သို့မဟုတ်) ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း နှင့်သက်ဆိုင်သော အစိုးရသိမှတ်ပြုလိုင်စင်၏ မူရင်းနှင့်မိတ္တူ

ပိုင်ရှင်၏ မှတ်ပုံတင် မူရင်းနှင့်မိတ္တူ

ပိုင်ရှင်၏ အိမ်ထောင်စုစာရင်း မိတ္တူ

ကိုယ်စားလှယ်လာရောက်လျှောက်ထားပါက အောက်ပါအချက်အလက်များလိုအပ်ပါသည်။

ကိုယ်စားလှယ်လွှဲစာမူရင်း

Company Licence ၏ မူရင်းနှင့်မိတ္တူ (သို့မဟုတ်) ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း နှင့်သက်ဆိုင်သော အစိုးရသိမှတ်ပြုလိုင်စင်၏ မူရင်းနှင့်မိတ္တူ

ပိုင်ရှင်၏ မှတ်ပုံတင် မူရင်းနှင့်မိတ္တူ

ပိုင်ရှင်၏ အိမ်ထောင်စုစာရင်း မိတ္တူ

ကိုယ်စားလှယ်၏ မှတ်ပုံတင် မူရင်းနှင့်မိတ္တူ

မှတ်ချက်

ပိုင်ရှင်ဆိုသည်မှာ Company လိုင်စင်ဖြစ်ပါက MD (သို့မဟုတ်) BOD အဖွဲ့ဝင်တယောက်ယောက်ကို ဆိုလိုပြီး စည်ပင်လိုင်စင်ဖြစ်ပါက လုပ်ငန်းပိုင်ရှင်အမည်ပေါက်သူကိုဆိုလိုပါသည်။

ကိုယ်စားလှယ်လွှဲစာပေါ်ရှိလက်မှတ်ကို မင်အပြာရောင်ဖြင့်ရေးရန်လိုအပ်ပါသည်။

လုပ်ငန်းသုံးလိုင်စင်ဖြင့် သုံးပြုသော VPP / MMP ဝန်ဆောင်မူများ သည် သာမန်ဝန်ဆောင်မူဖြင့် ပို့ဆောင်မူအနှုန်းထားများထက် ပို့ဆောင်မူနှုန်းထားအနည်းငယ်ကွာဟချက်ရှိနိုင်ပါသည်။ သို့သော်လည်း VPL ဝန်ဆောင်မူမှာ သာမန်ဝန်ဆောင်မူနှုန်းထားအတိုင်းသာကျသင့်ပါသည်။

လျှောက်ထားပုံအဆင့်ဆင့်

အထက်ပါ အချက်လက်များ နှင့် အောက်ပါလျှောက်လွှာဖောင်အား Print ထုတ်၍ အချက်အလက်များဖြည့်စွက်ပြီး ပိုင်ရှင်ကိုယ်တိုင် လက်မှတ်ရေးထိုးရပါမည်။ (ဖောင်ရယူရန်) 
၎င်းလျှောက်လွှာဖြင့် Za Information Technology Company Limited တွင် ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်မှ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ

Za Information Technology Company Limited 
ဖုန်းနံပါတ် - ၀၉ ၂၅၃၀၂၇၀၀၁ ၊ ၀၉ ၂၅၃၀၂၇၀၀၂ 
လိပ်စာ - အမှတ်(၂၂၆)၊ ၂လွှာ၊ လမ်း(၅၀) ကော်ဒို(A)၊ လမ်း(၅၀) အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

https://myanmarepost.com

 



မေးလေ့ရှိသောမေးခွန်းများ