နိုင်ငံပိုင်အိမ်ရာထိန်းသိမ်းရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

နိုင်ငံပိုင်အိမ်ရာထိန်းသိမ်းရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ


နေပြည်တော်စည်ပင်သာယာရေးကော်မတီ / October 08, 2021

နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် နိုင်ငံပိုင်အဆောက်အဦများရေရှည်တည်တံခိုင်မြဲရေးအတွက် အဆောက်အဦအတွင်းရှိ ရေ၊ မီး၊မိလ္လာပျက်စီးမှုများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်သို့ ပြုပြင်ထိန်းသိမ်းစရိတ်တင်ပြတောင်းခံ၍ ပြုပြင်ပေးလျက်ရှိပါသည်။ပြုပြင်ပေးသောလုပ်ငန်းများတွင်

နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများနှင့် လူပျို/အပျိုဆောင်များ၏
(၁) (က) နှစ်ကာလကြာမြင့်၍ ပျက်စီးခြင်း။
( ခ ) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခြင်းများကိုသာ ပြင်ဆင်ပေး ပါသည်။
(၂) (က) ပေါ့ဆလွဲမှားစွာ အသုံးပြုခြင်း။
( ခ ) ပုံမှန်ထိန်းသမ်းမှု မရှိခြင်း။
( ဂ ) စနစ်တကျသုံးစွဲမှုမရှိခြင်းများအား ပြင်ဆင်ပေးမည်မဟုတ်ပါ။
(၃) သုံးစွဲသူလူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားနည်းချက်ကြောင့်ဖြစ်ပေါ်လာသော ပျက်စီးမှုများ အာတာဝန်ရှိသူမှ ကျသင့်ငွေ ပေးလျော်စေ၍ ပြုပြင်ပေးမည်ဖြစ်ပါသည်။
(၄) ဆက်သွယ်ရန် ဖုန်းနံပါတ်-ဝ၆၇-၄၁၄၄၂ဝ (နိုင်ငံပိုင်အိမ်ရာထိန်းသိမ်းရေးဌာနခွဲ)။
 
သတ်မှတ်မူနှင့်ကိုက်ညီ၍ ပြုပြင်ပေးသောလုပ်ငန်းအမျိုးအစားများ
(က) (၁) Apronနှင့်Drainကွဲအက်ပျက်စီးခြင်း၊
(၂) ပြူတင်း/တံခါး ကျည်းဘောင်များ ခြစားပျက်စီးခြင်း၊
(၃) ပါကေးခြစားပျက်စီးခြင်း၊
(၄) နံရံနှင့် မျက်နှာကျက်မှရေယိုစိမ့်ခြင်း၊
(၅) မျက်နှာကျက်ပျက်စီးမိုးယိုခြင်း၊
(၆) သွပ်အမိုးပျက်စီးခြင်း၊
(၇) အမိုးမိုးယိုခြင်း
(၈) ဝရံတာသံပန်းများ ဆွေးမြေ့ပျက်စီးခြင်း ။
( ခ ) ရေပေးရေး
(၁) ရေစင်တန်းကျိုးခြင်း၊
(၂) ရေတိုင်ကီကွဲအက်ပျက်စီးခြင်း၊
(၃) ရေတင်ပိုက်ကွဲအက်ပျက်စီးခြင်း၊
(၄) မြေစိုက်ရေလှောင်ကန် ကွဲအက်ပျက်စီးခြင်း။
( ဂ ) လျှပ်စစ်မီး
(၁) ဝါယာရှော့ခ်ဖြစ်ခြင်း(မီတာပုံးမှ အဆောက်အဦ)၊
(၂) မော်တာကြိုးလိုင်း ဝါယာရှော့ခ်ဖြစ်ခြင်း။
(ဃ) မိလ္လာ
(၁) မိလ္လာပိုက်လိုင်းကွဲအက်ပျက်စီးခြင်း၊
(၂) မိလ္လာကန်ကွဲအက်ပျက်စီးခြင်း။

သတ်မှတ်မှုနှင့်မကိုက်ညီ၍မပြုပြင်ပေးသောလုပ်ငန်းအမျိုးအစားများ
(၁) တံခါး Door Lock နှင့် တံခါးဂျက်များပျက်စီးခြင်း၊
(၂) ပြူတင်းတံခါးမှန်များကွဲအက်ပျက်စီးခြင်း၊
(၃) ရိုးရိုးအိမ်သာနှင့် ဘိုထိုင်အိမ်သာများ ကွဲအက်ပျက်စီးခြင်း၊
(၄) ဘိုထိုင်ခလုတ်၊ အိမ်သာရေဆွဲပုံးနှင့် ရေဆွဲကြိုးများပျက်စီးခြင်း၊
(၅) လက်ဆေးကန်များပျက်စီးခြင်း၊
(၆) Exhaust Fanများပျက်စီးခြင်း၊
(၇) ရေပိုက်ခေါင်းများ၊ ရေအဖွင့်/ပိတ်ဘားများနှင့်ရေပန်းများပျက်စီးခြင်း၊
(၈) မီးချောင်း၊ မီးလုံး၊ မီးဝိုင်းများကျွမ်းခြင်း၊ မီးခလုတ်နှင့်Socketများပျက်စီးခြင်း၊
(၉) ရေမော်တာနှင့် ရေတင် Pumps များ လောင်ကျွမ်းပျက်စီးခြင်း၊
(၁၀) နေထိုင်သူပေါ့လျော့လွဲမှားစွာ အသုံးပြုခြင်းကြောင့် ပျက်စီးမှုများ။
မှတ်ချက်။ ။ (က) အထက်ဖော်ပြပါ နိုင်ငံပိုင်အိမ်ရာ သတ်မှတ်မူနှင့်မကိုက်ညီ၍ ပြုပြင်ပေးရသော လုပ်ငန်းများအတွက် ကုန်ကျမည့်ပစ္စည်းဖိုးနှင့် လုပ်အားခများကို သက်ဆိုင်ရာလူပုဂ္ဂိုလ်/ဌာနတို့မှ ပေးချေရမည်ဖြစ်ပါသည်။
  (ခ) နိုင်ငံပိုင်အိမ်ရာများတွင် မူလအဆောက်အဦနှင့် ဆက်စပ်၍ တိုးချဲ့ ဆောက်လုပ်ခြင်း ၊သီးခြားအသစ် ဆောက်လုပ်ခြင်းများအား ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ဆောက်လုပ်ခြင်း လုံးဝ မပြုလုပ်ရ။

Website လိပ်စာ

https://www.nptdc.gov.mm/

မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၀ ခု

အချက်အလက်များ မရှိသေးပါ

mnp.rating-v2 Portlet is temporarily unavailable.
HOT NEWS
January 4,