နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / April 19, 2018
ရရှိနိုင်သောဝန်ဆောင်မှုများ
အထူးကုပြင်ပလူနာဌာန
ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနအနေဖြင့် သင်နှင့်သင့်မိသားစုအား နွေးထွေး ပျူငှာစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုများအား သက်သာသောနှုန်းထားဖြင့် (၂၄)နာရီပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မည်သူမဆို အောက်ဖော်ပြပါ ကျန်းမာရေးဝန်ဆောင်မှုများအား လွတ်လပ်စွာ ဆွေးနွေး-စစ်ဆေး- ကုသမှုများ ဆောင်ရွက်နိုင်ပါသည်။
၁။ အောက်ပါအထူးကုဆရာဝန်ကြီးများဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူနိုင်ပါသည်-
(က) အထွေထွေရောဂါကုအထူးကုဆရာဝန်ကြီးများ
( ခ ) နှလုံးအထူးကုဆရာဝန်ကြီးများ
( ဂ ) ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ
(ဃ) ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ
( င ) အသည်းအထူးကုဆရာဝန်ကြီးများ
( စ ) အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ
(ဆ) မျက်စိအထူးကုဆရာဝန်ကြီးများ
( ဇ ) နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ
( စျ ) သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ
( ည) အရေပြားအထူးကုဆရာဝန်ကြီးများ
( ဋ ) ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများ
( ဌ ) ကလေးအထူးကုဆရာဝန်ကြီးများ
၂။ အောက်ပါခွဲစိတ်ကုသမှုများအား သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများဖြင့်ခွဲစိတ်ကုသနိုင်ပါသည်-
(က) သမာရိုးကျထွေထွေခွဲစိတ်ကုသခြင်း
( ခ ) ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ အဆင့်မြင့်ခွဲစိတ်ကုသခြင်း (Key Hole Surgery) (အူအတက်ရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း၊ ကျောက်တည်ခြင်း၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာနှင့် လိပ်ခေါင်း)
( ဂ ) ဦးနှောက်ခွဲစိတ်ကုသခြင်း
(ဃ) မျက်စိခွဲစိတ်ကုသခြင်း
( င ) မျက်စိနှင့်ကိုယ်အင်္ဂါအစားထိုးပြုပြင်ခွဲစိတ်ကုသခြင်း
( စ ) အရိုးရောဂါများခွဲစိတ်ကုသခြင်းနှင့် အဆင့်မြင့် တင်ပါးဆုံအစားထိုးခြင်း၊ ဒူးဆစ်အစားထိုးခြင်း
(ဆ) ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသခြင်း
( ဇ ) ကင်ဆာရောဂါများ ခွဲစိတ်ကုသပေးခြင်း
၃။ သားဖွားမီးယပ်ဆိုင်ရာရောဂါများ ကုသပေးခြင်း
(က) ရိုးရိုးကလေးမွေးဖွားခြင်း
( ခ ) ခွဲစိတ်ကလေးမွေးဖွားခြင်း
( ဂ ) အမျိုးသမီးရောဂါ (မီးယပ်ရောဂါ) အမျိုးမျိုးကုသခြင်း၊ ခွဲစိတ်ကုသခြင်း
(ဃ) အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း၊
( င ) မွေးကင်းစကလေးကြပ်မတ်ကုသပေးခြင်း
၄။ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များအား မိမိစိတ်ကြိုက်ရွေးချယ်စစ်ဆေးနိုင်ပါသည်-
(က) အခြေခံ (Silver Package) ကျန်းမာရေးစစ်ဆေးပေးခြင်း
( ခ ) အဆင့်မြင့် (Gold Package) စစ်ဆေးပေးခြင်း
( ဂ ) အထူးအဆင့်မြင့် (Diamond) စစ်ဆေးပေးခြင်း
Website လိပ်စာ
မရှိပါ။
Online မှ တစ်ဆင့် တိုင်းရင်းဆေးဝါးကြော်ငြာစိစစ်ပေးပါရန် လျှောက်ထားခြင်း
ကျန်းမာရေးဝန်ကြီးဌာန / December 23, 2021
Online မှ တစ်ဆင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်လျှောက်ထားခြင်း
ကျန်းမာရေးဝန်ကြီးဌာန / September 30, 2021
Cosmetic Online-Booking နှင့် Medical Device Individual Online-Booking System
ကျန်းမာရေးဝန်ကြီးဌာန / September 30, 2021