သွေးလှူဒါန်းမှု ပြုလုပ်နိုင်ရန် Online Booking စနစ်

ဝန်ဆောင်မှု (အော့ဖ်လိုင်း) - ၁၁ ခု ဆက်လက်ကြည့်ရှုရန်

သွေးလှူဒါန်းမှု ပြုလုပ်နိုင်ရန် Online Booking စနစ်


ကျန်းမာရေးဝန်ကြီးဌာန / April 08, 2018

သွေးလှူဒါန်းရန်အချိန်မိနစ်(၃၀) ခန့်သာကြာမြင့်ပါမည်။ ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် သင်၏အချိန်ကို သက်သာစေနိုင်ပါသည်။ ကြိုတင်စာရင်းပေးလှူဒါန်းခြင်းအားဖြင့် စောင့်ဆိုင်းရန်မလိုဘဲ လွယ်ကူအဆင်ပြေစေပါသည်။

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

  • သင်သည် အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရမည်။
  • အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၁၀) အထက် ရှိရမည်။
  • အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင် (၁၀၀) အထက် ရှိရမည်။
  • အိပ်ရေးဝစွာ အိပ်စက်ထားသူ ဖြစ်ရပါမည်။
  • အရက်သေစာ သောက်စားထားခြင်းမရှိသူ ဖြစ်ရပါမည်။
  • လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမည်။
  • လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်း တို့ မရှိသူ ဖြစ်ရပါမည်။
  • ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်း တို့ မရှိသူဖြစ်ရပါမည်။
  • ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသော်လည်း သွေးလှူဒါန်းခြင်းအားဖြင့် သင်၏ကျန်းမာရေး မထိခိုက်စေရန် ဆရာဝန်များမှ တာဝန်ယူစောင့်ရှောက်ပေးပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ရုံးအမှတ်(၄) နေပြည်တော် +၉၅ ၆၇၄၁၁၁၈၉

ရန်ကုန်

အမှတ် (၉၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်

၀၁၃၇၂၇၅၃

အီးမေးလ်လိပ်စာ

info@mohs.government.mm

Website လိပ်စာ

www.mohs.gov.mm

www.donatebloodmyanmar.org

 



HOT NEWS
January 4,