ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း


စက်မှုဝန်ကြီးဌာန / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများဖြစ် သည့်သိုလှောင်ခြင်း၊ နည်းပညာအရပြုပြင်ခြင်း၊ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်းကိစ္စရပ်များအား လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများသည် လုပ်ငန်းလိုင်စင်ကို လျှောက်ထားရန် လိုအပ်သည်။ 
  • နည်းဥပဒေ(၁၇)အရ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်လွှာပုံစံ (၁) 
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်
  • လုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် စာရွက်စာတမ်း မိတ္တူ(၃)စုံ
  • ပညာရပ်ဆိုင်ရာ အရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထားမိတ္တူများ

ဝန်ဆောင်ခ

(၁) လိုင်စင်ခ

စဉ်                  လုပ်ငန်း                                  နှုန်း                      သက်တမ်း

                   အရေအတွက်                            (ကျပ်)

(က)                 ၁  ခု                                  ၁၀၀၀၀၀                    ၂ နှစ်

(ခ)                  ၂  ခု                                   ၂၀၀၀၀၀                    ၂ နှစ်

(ဂ)                  ၃  ခု နှင့် အထက်               ၃၀၀၀၀၀                    ၂ နှစ်

 

(၂) လိုင်စင်သက်တမ်းတိုးမြှင့်ခ

စဉ်                  လုပ်ငန်း                                  နှုန်း                       သက်တမ်း

                   အရေအတွက်                             (ကျပ်)

(က)                 ၁  ခု                                       ၈၀၀၀၀                    ၂ နှစ်

(ခ)                  ၂  ခု                                      ၁၆၀၀၀၀                   ၂ နှစ်

(ဂ)                  ၃  ခု နှင့် အထက်                   ၂၄၀၀၀၀                   ၂ နှစ်

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုး လျှောက်ထားသည့် လျှောက်လွှာ ( နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မိတ္တူပူးတွဲ)
  • အထွေထွေနစ်နာဆုံးရှုံးမှုအား ပေးလျော်ရန်အတွက် အာမခံထားရှိမှု မိတ္တူ
  • လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက် (သို့) ခွင့်ပြုမိန့်

လျှောက်ထားရန်အဆင့်များ

အဆင့် ၁  -     အထွေထွေနစ်နာဆုံးရှုံးမှုအား ပေးလျော်ရန်အတွက် အာမခံထားရှိခြင်း၊
လိုင်စင်လျှောက်ထားသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းနှင့်စပ်လျဉ်း၍ လူနှင့်တိရစ္ဆာန်တို့ကိုသော်လည်းကောင်း၊ ပတ်ဝန်းကျင်ကိုသော်လည်းကောင်း ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ပါက လျော်ကြေးပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ အာမခံထားရှိရမည်။

အဆင့် ၂  -     ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
ကုမ္ပဏီ Letter Head ဖြင့် လိုင်စင်လျှောက်ထားစာ၊ လိုင်စင် လျှောက်လွှာပုံစံ(၁)၊ အာမခံမိတ္တူ၊ အခြားလိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်းများဖြင့် လျှောက်ထားရမည်။

အဆင့် ၃ -     လိုင်စင်ခပေးသွင်းခြင်း
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၁၇ အရ လိုင်စင် လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁)အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့်ပူးတွဲတင်ပြမည့် စာရွက် စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များ လိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန် ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ၏ ဘဏ်အကောင့် (MD-012564) သို့ လိုင်စင်ခပေးသွင်းရမည်။

အဆင့် ၄ -     လိုင်စင်လာရောက်ထုတ်ယူခြင်း
လျှောက်ထားသူကိုယ်တိုင်လိုင်စင်ထုတ်ယူပါက နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မူရင်း၊ မိတ္တူ တစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မူရင်း၊ မိတ္တူတစ်စုံနှင့်အတူယူဆောင်လာရမည်။
မှတ်ချက်။    လိုင်စင်သက်တမ်းသည် (၂) နှစ်သာဖြစ်သည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ဥက္ကဋ္ဌ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့။

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇၃-၄၀၅၀၅၂

e-mail          :         myanmarchemical@gmail.com

 

ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ

နေပြည်တော်

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇၃-၄၀၅၀၅၂

e-mail          :         myanmarchemical@gmail.com

Website 

http://www.industry.gov.mm