ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Server Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / October 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • Server Co-location ဝန်ဆောင်မှုရယူလိုသည့် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများအနေဖြင့်  ညွှန်ကြားရေးမှူး၊ e-Government ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ လိပ်မူ၍ လူကိုယ်တိုင် (သို့) On-line မှ လျှောက်ထားနိုင်ပါသည်။
  • လျှောက်လွှာနှင့်အတူ Server Co-location Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
  • Public IP Address  အသုံးပြုလိုပါက Public IPv4 Address Service Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
  • လျှောက်ထားသည့် ဝန်ဆောင်မှုအား ပေးအပ်နိုင်ခြင်း (Feasible) ရှိ/မရှိ အကြောင်းပြန်ကြားပါမည်။
  • Feasible ရှိပါက သတ်မှတ်ဝန်ဆောင်ခနှုန်းထားများအတိုင်း စီမံ/ ဘဏ္ဍာ ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ကျသင့်ငွေ ပေးသွင်းပြီး AN(Advice Note) အား ထုတ်ပေးပါမည်။
  • AN နှင့် Service Request Form များအား တစ်ပါတည်းယူဆောင်၍ Co-location Data Center e-Government ဌာန၊ ဆက်သွယ်ရေးရုံး(ဗဟိုမီးသတ်အနီး)၊ နေပြည်တော်သို့ ဆက်သွယ်၍ Server Co-location လာရောက်ထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

စဉ် ဝန်ဆောင်မှုအမျိုးအစား နှုန်းထား(ကျပ်) မှတ်ချက်
၁။ Shared Rack (Up to 6U) 90,000 Monthly Fee
၂။ 1/2 Rack (21U) 300,000 Monthly Fee
၃။ 1 Full Rack (42U) 550,000 Monthly Fee
၄။ Additional Shelf Space (1U) 15,000 Monthly Fee
၅။ Public IP (1 No) Free of Charge Annual Fee

Online Application Form လိပ်စာ

http://service.motc.gov.mm/