အာမခံစိစစ်ရေးကတ်လျှောက်ထားခြင်း


အလုပ်သမားဝန်ကြီးဌာန / April 10, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားဆိုသည်မှာ“ဥပဒေနှင့်အညီမည်သူသည် အာမခံထားသူဖြစ်ကြောင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးက ထုတ်ပေးထားသည့် သက်သေခံကတ်ပြား” ကို ဆိုလိုသည်။ အာမခံအလုပ်သမားများအနေဖြင့် မိမိတို့ ထည့်ဝင်ကြေးပေးသွင်းထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လူမှုဖူလုံရေးအဖွဲ့ရုံးခွဲများတွင် အာမခံစိစစ်ရေးကတ်ပြား များကို အချက်အလက်များ ဖြည့်သွင်း၍ ထုတ်ယူ နိုင်ပါသည်။ လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသ ရာတွင်လည်းကောင်း၊ ငွေကြေးအကျိုးခံစားခွင့်များကို လျှောက်ထား ရာတွင်လည်း ကတ်ပြားကို အသုံးပြုနိုင်ပါသည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက်စာတမ်းများ

အလုပ်ဌာနမှတ်ပုံတင်ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်း များ

အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း (၃၀) အတွင်း အောက်ပါစာရွက်စာတမ်းများနှင့်အတူ မှတ်ပုံ တင်ရမည်-

(က)     အလုပ်ဌာနမှတ်ပုံတင်ပုံစံ

(ခ)      အာမခံထားမည့်သူများစာရင်း (အလုပ်သမားစာရင်း၊          မှတ်ပုံတင်၊ အဘအမည်၊ လုပ်ခလစာ၊ အလုပ်အကိုင်   စသဖြင့် တွဲတင်ရန်)

(ဂ)      လုပ်ငန်းဌာနတည်ထောင်ဖွင့်လှစ်ခြင်းမှတ်တမ်း

(ဃ)     လုပ်ငန်းလိုင်စင်မိတ္တူ

အလုပ်သမားတစ်ဦး မှတ်ပုံတင်ရန် လိုအပ်သည့် စာရွက်စာတမ်းများ

အလုပ်ရှင်တစ်ဦးသည် အလုပ်သမားတစ်ဦး စတင်ခန့်အပ်ပြီး (၁၀) ရက်အတွင်း အောက်ပါစာရွက်စာတမ်းများနှင့်အတူ မှတ်ပုံ တင်ရမည်−

(က)     အလုပ်သမားမှတ်ပုံတင်ပုံစံ

(ခ)      ကျန်းမာကြောင်းထောက်ခံချက်

(ဂ)      အာမခံထားမည့်သူတစ်ဦးထက်ပိုလျှင် အာမခံထားမည့်         သူများစာရင်း(အလုပ်သမားစာရင်း၊ မှတ်ပုံတင်၊ အဘ          အမည်၊ လုပ်ခလစာ၊ အလုပ်အကိုင်စသည်ဖြင့် တွဲတင်ရန်)

လျှောက်ထားရန်အဆင့်များ

အလုပ်ရှင်သည် အလုပ်သမားအသစ် ခန့်ထားပြီးနောက် (၁၀) ရက်အတွင်း မိမိအလုပ်သမားကို လိုအပ်သော ဆေးစစ်မှုခံယူပြီး ကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ်နှင့်တကွ မိမိ အလုပ်သမားနှင့်ပတ်သက်သည့် အကြောင်းအရာအစုံအလင် ကို သတ်မှတ်ထားသည့် အလုပ်သမားမှတ်ပုံတင်(ပုံစံ-၂)တွင် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍ သက်ဆိုင်ရာလူမှုဖူလုံရေးရုံးသို့ တင်သွင်းရမည်။ ထိုသို့ အလုပ်သမားမှတ်ပုံတင် (ပုံစံ-၂) ကို ဖြည့်စွက်ရာတွင် ဖော်ပြထားသောအချက်အလက်များ မှန်ကန် ကြောင်း မိမိ၏ အလုပ်သမားအား လက်မှတ်ရေးထိုးစေရမည့် အပြင် ယခင်က လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ဖူး ပါက ယင်းသို့ မှတ်ပုံတင်စဉ်ကရရှိခဲ့သည့် အာမခံစိစစ်ရေး ကတ်ပြားအမှတ်ကိုဖော်ပြစေရမည်။

ဆက်သွယ်ရမည့်လိပ်စာ

လူမှုဖူလုံရေးရုံးချုပ်နှင့် မြို့နယ်ရုံးခွဲများ

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

လူမှုဖူလုံရေးရုံးချုပ်နှင့် မြို့နယ်ရုံးခွဲများ

Website လိပ်စာ

www.mol.gov.mm

www.labourportal.gov.mm