Myanmar Be Enchanted

Myanmar Be Enchanted


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / July 28, 2021

"ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာတိကျမှန်ကန် သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန်၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိသည့် ကောင်းမွန်သောပုံရိပ်ကို နိုင်ငံတကာတွင် ပိုမိုထင်ရှားလူသိများလာစေရန်၊ မြန်မာနိုင်ငံ၏ သဘာဝအလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာဓလေ့စရိုက်များ၊ (၁၂)လရာသီပွဲတော်များကို ဖော်ထုတ်၍ အရည်အသွေးရှိသော ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးဆွဲဆောင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြု လုပ်ထားသော Myanmar Be Enchanted အမည်ရှိ Mobile Application ကို ပြုလုပ်ထား ပါသည်။

Myanmar Be Enchanted Andriod version 1.0 ကို ၁-၇-၂၀၂၀ ရက်နေ့တွင် လွှင့်တင်ခဲ့ပြီးဖြစ်ရာ အောက်ပါ QR Code ကို Scan ဖတ်၍ လည်းကောင်း၊ https://bit.ly/2AscTzi တွင်လည်းကောင်း၊ Google Play Store တွင်လည်းကောင်း Download ရယူနိုင်ပါသည်။

ယခုအခါ Myanmar Be Enchanted iOS Version 1.0 ကို ၁၅-၉-၂၀၂၀ ရက်နေ့မှစ၍ ထပ်မံလွှင့်တင်ပြီး ဖြစ်ပါသဖြင့် အောက်ပါ QR Code ကို Scan ဖတ်၍လည်းကောင်း၊ https://apple.co/2RrWZcT တွင် လည်းကောင်း၊ App Store တွင် လည်းကောင်း Download ရယူ နိုင်ပါကြောင်းအသိပေးအပ်ပါသည်။

#Ministry of Hotels and Tourism"
 

Download Here :

IOS Download

Play Store Download

HOT NEWS
January 4,