ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း


စက်မှုဝန်ကြီးဌာန / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် အသုံး ပြုမည့်  ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်သည်။
  • နည်းဥပဒေ(၂၅)အရ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မှတ်ပုံ တင်လျှောက်လွှာပုံစံ (၇)
  • လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
  • အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ် (အညွှန်းစာ-၃စုံ) (မြန်မာဘာသာပြန်ဆိုချက်ဖြင့်)
  • ပညာရပ်ဆိုင်ရာ အရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူများ
  • စက်ရုံ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့် မိတ္တူ
  • အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (Material Safety Data Sheet-MSDS)

ဝန်ဆောင်ခ

(၁) မှတ်ပုံတင်ခ

 စဉ်              ဓာတုပစ္စည်းအရေအတွက်                            နှုန်း(ကျပ်)                 သက်တမ်း

(က)               ၁  မျိုး မှ ၁၀မျိုးထိ                                    ၅၀၀၀၀                    ၂ နှစ်

(ခ)                 ၁၁မျိုး မှ ၂၀မျိုးထိ                                  ၁၀၀၀၀၀                    ၂ နှစ်

(ဂ)                ၂၁မျိုး နှင့် အထက်                                   ၁၅၀၀၀၀                    ၂ နှစ်

(၂) မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ

 စဉ်              ဓာတုပစ္စည်းအရေအတွက်                            နှုန်း(ကျပ်)                 သက်တမ်း

(က)                ၁  မျိုး မှ ၁၀မျိုးထိ                                    ၃၀၀၀၀                    ၂ နှစ်

(ခ)                 ၁၁မျိုး မှ ၂၀မျိုးထိ                                     ၆၀၀၀၀                   ၂ နှစ်

(ဂ)                ၂၁မျိုး နှင့် အထက်                                      ၉၀၀၀၀                   ၂ နှစ်

လိုအပ်သောစာရွက် စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုး လျှောက်ထားသည့် လျှောက်လွှာ ( နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မိတ္တူပူးတွဲ)
  • ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးနည်းဥပဒေများ (၂၆)ပါ အချက်အလက်များ
  • Certificate of Analysis (COA)

လျှောက်ထားရန်အဆင့်များ

အဆင့် ၁  - ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း

ကုမ္ပဏီ Letter Head ဖြင့်လျှောက်ထားစာ၊ မှတ်ပုံတင်လျှောက်လွှာပုံစံ(၇)၊ လိုအပ်သောအချက်အလက်များနှင့် စာရွက်စာတမ်း များဖြင့် လျှောက်ထားရမည်။

အဆင့် ၂ -   မှတ်ပုံတင်ခပေးသွင်းခြင်း

      ဗဟိုကြီးကြပ်ရေးအဖွဲ့သည်နည်းဥပဒေ ၂၅ အရ လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၇)အား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြား အချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။

     လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဘဏ်အကောင့် (MD-012564) သို့ မှတ်ပုံတင်ခပေးသွင်းရပါမည်။

အဆင့် ၃ -   မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူခြင်း

လျှောက်ထားသူကိုယ်တိုင်မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူပါက နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ နိုင်ငံသားစိစစ်ရေး ကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မူရင်း၊ မိတ္တူတစ်စုံ နှင့်အတူ ယူဆောင်လာရမည်။

မှတ်ချက်။      မှတ်ပုံတင်လက်မှတ်သက်တမ်းသည်(၂) နှစ်သာဖြစ်သည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ဥက္ကဋ္ဌ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့။

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail          :         myanmarchemical@gmail.com

ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ

နေပြည်တော်

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail          :         myanmarchemical @gmail.com

Website လိပ်စာ

www.industry.gov.mm