သတင်းနှင့်မီဒီယာများ

သတင်းများ is temporarily unavailable.

သတင်းစာများ

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း၉ ရက်နေ့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၀ရက်၊ စနေနေ့။


Posted on May 30, 2020 Download

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၇ ရက်နေ့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ရက်၊ ကြာသပတေးနေ့။


Posted on May 28, 2020 Download

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2020 Download

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့


Posted on May 24, 2020 Download

ကြေညာချက်များ

ဇူလိုင်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်မည့်အပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်


Posted on May 30, 2020

၁။ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် ပထမဆုံးလူနာကို စတင်တွေ့ရှိခဲ့ချိန်မှစ၍ Coronarvirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် ကိုရိုနာဗိုင်းရပ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုအပေါ် ပြည်သူလူထု၏ ယုံကြည်မှုအပြည့်အဝရှိခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကထုတ်ပြန်သည့် လက်တွေ့ကျသည့် အမိန့်နှင့်ညွှန်ကြားချက်များကြောင့် ပြည်သူလူထုအနေဖြင့် အဆိုပါအမိန့်၊ ညွှန်ကြားချက်များကို တိတိကျကျ လေးစားလိုက်နာမှုရှိခဲ့ပါသည်။ သို့ဖြစ်၍ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ အနေဖြင့် အကန့်အသတ်များစွာ ရှိသော်လည်း ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့ မှုကို ထိန်းချုပ်ရာတွင် ယခုအချိန်အထိ ကျေနပ်အားရဖွယ်ရာ အောင်မြင် ဖြစ်ထွန်းမှုများစွာကို ရရှိစေခဲ့ပါသည်။ ဤသို့သော အောင်မြင်ဖြစ်ထွန်းမှု များက ပြည်သူလူထု ပြည့်ပြည့်ဝဝပူးပေါင်းပါဝင်ခြင်းအားဖြင့် အားကောင်း ခိုင်မာလာသော ထူးခြားပြောင်မြောက်လှသည့် ခေါင်းဆောင်မှုဆိုင်ရာ အောင်မြင်မှုဖြစ်စဉ်တစ်ရပ်ကို ဖော်ပြနေပေသည်။

ဆက်လက်ဖတ်ရှုရန်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေးနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


Posted on May 29, 2020

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ်ရေးထိုးခဲ့သော KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၏ ဗဟိုကော်မတီနှင့် တပ်မှူး တပ်ဗိုလ်များ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက် နှင့် ၂၆ ရက်တို့၌ ဗဟိုဌာနချုပ်၊ ထို့ကော်ကိုး (ဝေနော်တယာ) တွင် ကျင်းပခဲ့ပြီး လစ်လပ် နေသော KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောထော့လေးအား ရွေးချယ် တင်မြှောက် သည့်အတွက် ဝမ်းမြောက်စွာဖြင့် ကြိုဆိုဂုဏ်ပြုပါသည်။

ဆက်လက်ဖတ်ရှုရန်

တင်ဒါ အောင်မြင်ကြောင်း ကြေညာခြင်း


Posted on May 28, 2020

၂၇ - ၅ - ၂၀၂၀ ရက်နေ့၊ ( ၁၃:၀၀ )နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြု လုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် | အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများ၊ အရည်အသွေးမြင့်ပုံနှိပ်လုပ်ငန်း တို့အတွက် လိုအပ်သော စက္ကူ၊ မင် နှင့် ပုံနှိပ်ရေးပစ္စည်း ဝယ်ယူရန် ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီ မှ ဈေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း နှင့် အရေအတွက် တို့ဖြင့် တင်ဒါ အောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်