သတင်းနှင့်မီဒီယာများ

နောက်ဆုံးရသတင်းများ - ၇၅၉၉၁ ခု

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 20, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ်၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင်အခြားသစ် ၁၈ ဒသမ ၆၆၆ တန်နှင့်အဆိုပါသစ်များ တင်ဆောင်ထားသည့် သစ်သားစက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၉၉၅၀) ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Wave 110 မော်တော်ဆိုင်ကယ် နှစ်စီးနှင့် Smash 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၉၉၅၀ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသရှိ ခရိုင်များအတွင်း တစ်ရွာ(၂) ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန / Posted on May 20, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၈-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ တောင်ကန်ကြီးကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာပြုပြင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံသည်။ ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်ပင်အိုင့်ကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီအကြို ဘက်စုံသုံးတစ်ရွာ(၂) ဧကစိုက်ပျိုးထားရှိမှုနှင့် ကျေးရွာစာကြည့်တိုက်အားလည်းကောင်း၊ ရေငံကျေးရွာ ၂၀၂၄ မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာ ပြုပြင်ဆောင်ရွက် ထားမှုအခြေအနေအားလည်းကောင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာရှိ ၂၀၂၄ မိုးရာသီအကြို ဘက်စုံသုံး တစ်ရွာ (၂) ဧက စိုက်ပျိုးထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် သစ်တောသစ်ပင်ထိန်းသိမ်

(၁၈) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာ ရွှေသုံးခု၊ ငွေသုံးခု ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 20, 2024

လာအိုနိုင်ငံဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၈) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအား ကစားပြိုင်ပွဲကို မေ ၁၈ ရက်နှင့် ၁၉ ရက်ကကျင်းပရာ မြန်မာနိုင်ငံမှ အားကစားသမားများ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်သုံးခု၊‌ ငွေတံဆိပ်သုံးခုဆွတ်ခူးရရှိခဲ့‌သည်။

မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်း ရွှေမိုးကုန်စုံဆိုင် ဓားပြတိုက်သူကို နာရီပိုင်းအတွင်းဖမ်းမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 20, 2024

မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်းနေ ရွှေမိုးကုန်စုံဆိုင်ပိုင်ရှင်အား ဓားဖြင့်ထောက်၍ ဓားပြတိုက်သူကို မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းအဖွဲ့တို့က နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ဓားပြတိုက်ယူဆောင်သွားသောငွေများ ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

ပုဂံယဉ်ကျေးမှုဒေသ၌ လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဆွဲဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်တွင် ခရီးသွားပိုမိုဝင်ရောက်မည်ဟုခန့်မှန်းထား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 20, 2024

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့စုဝေးရာ ပုဂံယဉ်ကျေးမှုဒေသ၌ ၂၀၂၄ ခုနှစ်တွင် ပုဂံ ယဉ်ကျေးမှုဒေသနှင့်လိုက်ဖက်ညီသည့် လူထုအခြေပြုခရီးသွားလုပ်ငန်းများ၏ ဆွဲဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်ထက် ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပြည်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 20, 2024

ပြည်ခရိုင်အတွင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို မေ ၁၈ ရက်နံနက်ပိုင်းက ပြည်မြို့သီရိခေတ္တရာရတနာခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024
ကြေညာချက်များ is temporarily unavailable.
HOT NEWS
January 4,