သတင်းနှင့်မီဒီယာများ

နောက်ဆုံးရသတင်းများ - ၉၂၉၆၅ ခု

MSME များ ဖွံ့ဖြိုးရေးအတွက် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ အလေးထားဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 22, 2025

ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၉ က နေပြည်တော်ရှိ Naypyitaw State Polytechnic University တွင် Hybrid စနစ်ဖြင့် ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်သည်။

ဒုတိယ၀န်ကြီး ဦးဇင်မင်းထက် ၂၀၂၅ ခုနှစ် (၁၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 22, 2025

၂၀၂၅ ခုနှစ် (၁၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakuri နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးကာကွယ်ရေးတာများ မြစ်ရေဝင်ရောက်နစ်မြုပ်ခြင်းမှ ကာကွယ်နိုင်ရေးကွင်းဆင်းကြည့်ရှုဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 22, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် ဇွန် ၁၉ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာအုပ်စု မြောင်းနှစ်မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မြို့အတွင်း ရေဝပ်မှုလျော့ပါးသက်သာစေရေးနှင့် လယ်ယာမြေရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် အသေးစိတ်ကွင်းဆင်းလေ့လာပြီး ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ (ရုံးချုပ်) နှင့် ပေါင်းစပ်ညှိနှိုင်းကာ ဒီဇိုင်းပုံစံများရေးဆွဲဆောင်ရွက်၍ ရေနုတ်ခြင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 22, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စပါးမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းဆိုင်ရာ အခြေခံနည်းလမ်းများခေါင်းစဉ်ဖြင့် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 22, 2025

(၇၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း AERDTC ခန်းမ၌ “စပါးမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းဆိုင်ရာ အခြေခံနည်းလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြကြောင်း သိရသည်။

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 22, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။


၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025
ကြေညာချက်များ is temporarily unavailable.
HOT NEWS
January 4,