သတင်းထုတ်ပြန်ချက်

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၂၁.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ငွေ(၂)ခု၊ ကြေး(၈)ခု ထပ်မံဆွတ်ခူးရရှိ

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၂)ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေ(၁)ခု၊...

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် အိမ်ယာကြီးကျေးရွာ ဆိုလာအသေးစားဓါတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်ရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲများတက်ရောက်ဖွင့်လှစ်
သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / January 22, 2022
မကြာမီက ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းကို နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ရာတွင် အချို့ကလည်း အပြုသဘောနှင့် မျှတစွာဖော်ပြချက် များရှိသကဲ့သို့ အချို့ကလည်း စိစစ်အတည်ပြုနိုင်မှုမရှိသည့် သတင်းအရင်းအမြစ်များ၊ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသော အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။
ကယားပြည်နယ်လွိုင်ကော်မြို့တွင် ၁၁-၁-၂၀၂၂ ရက်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖြစ်စဉ်မှန်ကို ရှင်းလင်းအသိပေးပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ် သည် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့တွင်းလူနေရပ်ကွက်များအတွင်း စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး၊ ယင်းသို့ တိုက်ခိုက်ခဲ့ရာတွင် လူနေ အဆောက် အအုံများ၊ အစိုးရပိုင်အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒေသခံအပြစ်မဲ့ ပြည်သူများ အသက်ဘေးလွတ်ရာသို့ ထွက်ခွာကြရာတွင်လည်း အကြမ်းဖက်သမားများက ထွက်ခွာခွင့်မပေးဘဲ လူသားတံတိုင်းသဖွယ် အသုံးပြု အကာအကွယ်များ ရယူခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန် ရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက် သမားများသည် လွိုင်ကော်အကျဉ်းထောင်သို့လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မြို့တွင်း၌ ဆူပူမှုများနှင့် တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ရယူခဲ့ရကာ အကြမ်းဖက်သမားများကိုသာ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အပြစ်မဲ့အရပ်သားများကို တိုက်ခိုက်ခဲ့ခြင်းမရှိပါ။ ယင်းဖြစ်စဉ်ကြောင့် အပြစ်မဲ့ အရပ်သားများ ထိခိုက်မှုမရှိပါကြောင်းနှင့် အကျဉ်းထောင်ရှိ အဆောက်အအုံအချို့နှင့် အရပ်ဘက် အဆောက်အအုံအချို့သာ ပျက်စီးမှုရှိခဲ့ကြောင်းသိရှိရသည်။
KNPP နှင့် PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် အရပ်ဘက်အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ခြင်း၊ အရပ်သားများကို လူသားတံတိုင်းသဖွယ် အသုံးပြုခဲ့ခြင်း၊ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများကို ကျူးလွန်ခြင်းဖြစ်သည်။ သို့ပါ၍ နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မည်သည့်ပုံစံ၊ မည်သည့်အသွင်သဏ္ဌာန်ဖြင့်မဆို ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံ ရှုံ့ချသွားရန် ဖြစ်ကြောင်း ဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်။