နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး(မြို့မဈေးအနီး)တွင် ပထမအဆင့်ဆောက်လုပ်သည့် အငြိမ်းစားဝန်ထမ်းအိမ်ရာတိုက်( ၃၉ )လုံးမှ ပထမအကြိမ်မြေညီထပ်အခန်းများ မဲနှိုက်နေရာချထားခြင်း


နေပြည်တော်စည်ပင်သာယာရေးကော်မတီ/ နေပြည်တော် / September 17, 2020


၁။     နေပြည်တော်စည်ပင်သာယာရေးကော်မတီက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး(မြို့မဈေးအနီး) တွင် ပထမအဆင့်ဆောက်လုပ်သည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်(၃၉)လုံးမှ ငွေပေးသွင်းပြီးသည့် (၁၅၆)ခန်းအား (၁၆-၉-၂၀၂၀)ရက်နေ့တွင် မဲနှိုက်နေရာချထားခြင်းအခမ်းအနားအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့တော်ခန်းမ တွင် ကျင်းပခဲ့ပါသည်။

၂။       မဲနှိုက်နေရာချထားခဲ့သော တိုက်အမှတ်နှင့် အခန်းအမှတ် စာရင်းများအား www.nptdc.gov.mm/customized/pdf/3000housing_GroundFloor.pdf တွင် download ရယူနိုင်ပါသည်။