အမှုတွဲတင်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မှတ်ပုံတင်အင်ဂျင်နီယာ/ ဗိသုကာများသို့ အခမဲ့ထုတ်ပေးထားသော ကတ်ပြားမူရင်းနှင့် တင်ပြရန်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ location / December 04, 2018


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)တွင် အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့် တင်ရာ၌ ပုံစံများတွင် လက်မှတ်ရေးထိုးထားသည့် မှတ်ပုံတင် အင်ဂျင်နီယာ/ဗိသုကာများ၏လက်မှတ်အတု၊တံဆိပ်တုံးအတုများဖြင့် တင်ပြနေကြောင်း ​စစ်ဆေး တွေ့ရှိရသဖြင့် ၁.၁၂.၂၀၁၈ ရက်နေ့မှစ၍ အမှုတွဲ တင်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မှတ်ပုံတင်အင်ဂျင်နီယာ/ ဗိသုကာများသို့ အခမဲ့ထုတ်ပေးထားသော ကတ်ပြားမူရင်းနှင့် တင်ပြမှသာ လက်ခံဆောင်ရွက် ရရှိမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

ဌာနမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ