ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအတွက်လိုအပ်သော ဒီဇယ်ဆီ (၄၅၀၀၀) ဂါလန်ကို ဝယ်ယူရန် တင်ဒါအောင်မြင်ကြောင်းအသိပေး အကြောင်းကြားခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ ရန်ကုန် / September 12, 2019


ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်၊ စက်မောင်းဆီဝယ်ယူခြင်း ခေါင်းစဉ်အောက်မှ ရန်ကုန်အခြေပြုအတွက် ဒီဇယ်ဆီ (၄၅၀၀၀) ဂါလန်ကို ဝယ်ယူရန် “ဇွဲရတီကုမ္ပဏီ” က တင်ဒါအောင်မြင်ပါသဖြင့် ဌာနနှင့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်း ပစ္စည်းများတင်သွင်းခြင်း စသည့်လုပ်ငန်းများ ဆောလျင်စွာ ဆက်လက် ဆောင်ရွက်နိုင်ရန် အကြောင်းကြားပါသည်။