ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများနှင့် ဓာတ်အားပေးစက်ရုံ အသစ်စီမံကိန်းများစစ်ဆေး

ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများနှင့် ဓာတ်အားပေးစက်ရုံ အသစ်စီမံကိန်းများစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ကျောက်တန်းမြို့နယ် / December 09, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက စက်ရုံလုပ်ငန်း ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင် ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများအား ဂရုပြုဆောင်ရွက်သွားရန် ၃၅၀မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် စီမံကိန်း လုပ်ငန်းများအား ဆောလျင်စွာ ပြီးစီး၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်မှာကြားပြီး ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်များ တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အား ချိတ်ဆက်မည့် နေရာတွင် ဓာတ်အားခွဲရုံတိုးချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် သာကေတမြို့နယ် သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ၄၀၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း ခွင်သို့ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စက်ရုံအစည်းအဝေး ခန်းမတွင် JICA ချေးငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် 66 kV GIS ဓာတ်အားခွဲရုံ တည်ဆောက် နေမှုနှင့် ဓာတ်အားပေး စက်သုံးလုံး အကြီးစား ပြုပြင်ဆောင်ရွက်နေမှုတို့အား Merubeni Corporation နှင့် Mitsubishi Corporation တို့မှ နိုင်ငံခြားသားပညာရှင်များနှင့် ၄၀၀ မဂ္ဂါဝပ်(LNG to Power) ဓာတ်အား ပေးစက်ရုံအသစ် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် အခြေ အနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်း နိုင်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။

တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ဓာတ်အားပေးစက်ရုံ အသစ်တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးရေး၊ စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများ အရည်အသွေး စံချိန် စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်အားပေး စက်သုံးလုံးအနက် ဓာတ်အားပေးစက် တစ်လုံးအား လာမည့် နွေရာသီကာလအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

ဆက်လက်၍ အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ၁၅၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ်တည်ဆောက်နေမှု၊ လက်ရှိမောင်းနှင် လည်ပတ်နေသည့် ဓာတ်အားပေးစက်အခြေအနေများနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်း အသစ်များသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးက လာမည့်နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေး စက်ရုံစီမံကိန်းအသစ် (၇)ခုမှ ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိဓာတ်အားပေးစက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စီမံကိန်းများပြီးစီးရန် လျာထားသတ်မှတ် ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,