ဒုတိယ၀န်ကြီးအဆင့် ပဉ္ဓမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒုတိယ၀န်ကြီးအဆင့် ပဉ္ဓမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ပူတာအိုမြို့ / December 09, 2019
image_latest


ပူတာအို ဒီဇင်ဘာ ၈

မြန်မာ-ကိုရီးယား ဇီ၀အရင်းအမြစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယ၀န်ကြီးအဆင့် ပဉ္ဓမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ် ပူတာအိုမြို့ Hotel Putao ၌ ကျင်းပသည်။

အစည်းအဝေးတွင် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ ကိုရီးယားသမ္မတနိုင်ငံ ပတ်၀န်းကျင်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Park Chun kyoo တို့က အဖွင့်အမှာစကားပြောကြားကြပြီး ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားဇီ၀အရင်းအမြစ်များသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် Dr. Se Chang Ahn က မြန်မာ-ကိုရီးယား နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသုတေသန ရလဒ်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က မဲခေါင်-ကိုရီးယား ဇီ၀မျိုးစုံမျိုးကွဲ စင်တာ တည်ထောင်နိုင်ရေးစီမံကိန်းနှင့် ပတ်သက်၍ အရှေ့တောင် အာရှနိုင်ငံများတွင် ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက် ဗဟို အချက်အချာကျသော မြန်မာနိုင်ငံတွင် ရွေးချယ်ဆောင်ရွက်သဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ မြောက်ဘက်စွန်း ခါကာဘိုရာဇီရေခဲတောင် အပါအ၀င် ကုန်းမြင့်ဒေသများသည် ဇီ၀မျိုးစုံမျိုးကွဲ အလွန်ပေါကြွယ်၀သော ဒေသဖြစ်သကဲ့သို့ မြန်မာနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသများတွင်လည်း ဒီရေတောဂေဟစနစ် ပေါကြွယ်၀သဖြင့် မြန်မာနိုင်ငံသည် တောင်ပေါ်တော ဂေဟစနစ်မှ ဒီရေတော ဂေဟစနစ်အထိ မျိုးစုံပါ၀င်ပြီး အခြားနိုင်ငံများနှင့် သွားလာဆက်သွယ် ရာတွင်လည်း အလယ်ဗဟိုကျသောနိုင်ငံဖြစ်၍ စင်တာ တည်ဆောက်ခြင်း စီမံကိန်းမှန်ကန်ကြောင်း ဆွေးနွေးသည်။

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ ပတ်၀န်းကျင် ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက မဲခေါင်-ကိုရီးယား ဇီ၀မျိုးစုံမျိုးကွဲစင်တာ တည်ထောင်နိုင်ရေး စီမံကိန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု များကို ချပြဆွေးနွေးသည်။

ထို့နောက် သစ်တောဦးစီးဌာန သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းက မဲခေါင်-ကိုရီးယား ဇီ၀မျိုးစုံ မျိုးကွဲစင်တာအား မြန်မာနိုင်ငံ၌ တည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများကို တင်ပြဆွေးနွေးသည်။

ကိုရီးယားသမ္မတနိုင်ငံ ဇီ၀အရင်းအမြစ်များသိပ္ပံဌာန သုတေသနမှူး Dr. Jae-Shin Kang က ခါကာဘိုရာဇီ ဇီ၀မျိုးစုံမျိုးကွဲသုတေသနစခန်းနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာသည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံကိုယ်စားလှယ်များက အသုံး၀င်ဇီ၀အရင်းအမြစ်များနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှု သုတေသနလုပ်ငန်းများ မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)

HOT NEWS
January 4,