သောက်သုံးရေ ရရှိရေး ကွင်းဆင်းကြည့်ရှုခြင်း

သောက်သုံးရေ ရရှိရေး ကွင်းဆင်းကြည့်ရှုခြင်း


မွန်ပြည်နယ်အစိုးရအဖွဲ့/ မော်လမြိုင်မြို့ / December 29, 2018


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့၊ နံနက် (၉) နာရီအချိန်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီး ဦးထွန်းဌေး၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ် (အရှေ့၊ အနောက်) ကျေးရွာ၊ မုရစ်ကလေးကျေးရွာ၊ ခရိုက်ဒူး ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာနှင့် ဆယ်ပလာ ကျေးရွာ သို့ရောက်ရှိလာခဲ့ပြီး အဆိုပါကျေးရွာများအား သောက်သုံးရေပေးဝေနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လာမည့်နွေရာသီတွင် သောက်သုံးရေ ပြတ်လပ်မှုရှိမရှိစေရေး သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး အတွက် အလေးနက်ထား ဆောင်ရွက် ရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

HOT NEWS
January 4,