သတင်း

၉၂၈၈ နောက်ဆုံးရသတင်းများ

ကျောင်းကျန်းမာရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2020

 ကျောင်းကျန်းမာရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဘားအံ၌ ကင်းထောက်အခြေခံသင်တန်းဖွင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on January 17, 2020

ဘားအံ၌ ကင်းထောက်အခြေခံသင်တန်းဖွင့်

ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသစ် (မြစ်ကြီးနား) ဖွင့်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2020

ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးသစ် (မြစ်ကြီးနား) ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံးသစ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့သည်။

ဘားအံ၌ ကင်းထောက် အခြေခံသင်တန်းဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2020

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် ကရင်ပြည်နယ်ပညာရေးမိသားစုတို့ ပူးပေါင်း၍ ကင်းထောက်အခြေခံ သင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း  မြတ်ပညာခန်းမ၌ ကျင်းပသည်။

Beautiful Myanmar

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉၃၈၃ သန်း ဆောင်ရွက်နိုင် ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၁၂၇၅ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2020

၁။         ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) (ယာယီ) တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၆၇၇ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇၀၆ သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၃၈၃ သန်း ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ယခင်နှစ် ကာလတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) တွင် ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၄၈ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၆၀ သန်းဖြစ်၍ ပြည်ပ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၁၀၈ သန်း ဖြစ်သဖြင့် ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် ၁၀၂၉ ဒေါ်လာသန်း၊ သွင်းကုန်တွင် ၂၄၆ ဒေါ်လာသန်းနှင့် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁၂၇၅ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2020

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)အပါအဝင် ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။