သတင်း

နောက်ဆုံးရသတင်းများ - ၇၄၉၉၈ ခု

၂၀၂၄ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲ အခမ်းအနား ကျင်းပမည်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၁၃၈၆ ခုနှစ် ကဆုန်လဆန်း ၆ ရက် မေ ၁၃ ရက်(တနင်္လာနေ့) နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (CPU) ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက် အထိ မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်)သို့ ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရင်းရင်းနှီးနှီးလှိုက်လှိုက်လှဲလှဲကြိုဆို

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝ မတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၄၀၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၄၀၊ ဧကာဒသမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၃၇ ဦး၊ ဒွါဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်း သူ ၁၃၇ ဦး စုစုပေါင်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၅၅၄ ဦး နှင့် ကြီးကြပ်ဆရာ ဆရာမ ၆၄ ဦး တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်) သို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာ သွင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အိုးစည်ဒိုးပတ်အကအဖွဲ့များက စံပယ်ပန်းကုံးများစွပ်၍ ရင်းရင်းနှီးနှီး လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။

နေပြည်တော်မှာရှိတဲ့ ခမ်းနာထည်ဝါသပ္ပာယ်လှတဲ့ ဘုရား၊ စေတီတွေကို လူရည်ချွန်မောင်မယ်တွေနဲ့ အတူတူဖူးမြော်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ နဝမတန်းလူရည်ချွန် ၁၄၀၊ ဒသမတန်း လူရည်ချွန် ၁၄၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၃၇ ဦး၊ ဒွါဒသမတန်းလူရည် ချွန် ၁၃၇ ဦးစုစုပေါင်း လူရည်ချွန်ကျောင်း သား ကျောင်းသူ ၅၅၄ ဦးနှင့် ကြီးကြပ် ဆရာ ဆရာမ ၆၄ ဦးတို့သည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်နိုင်ရေးအတွက် နေပြည်တော်စုရပ်စခန်း၌ စုစည်းရောက်ရှိနေကြပြီး နေပြည်တော်ရှိ အထင်ကရနေရာများအား သွားရောက်လေ့လာလျက်ရှိကြသည်။

နေ့စဉ်မိုးလေဝသသတင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 25, 2024

နေ့စဉ်မိုးလေဝသသတင်း

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် နေကြာစေ့များအား ကြိတ်ခွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်း၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် မြန်မာနေကြာမျိုးနှင့် ရုရှားနေကြာစေ့များ ကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

HOT NEWS
January 4,