သတင်း

၁၄၄၅၉ နောက်ဆုံးရသတင်းများ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 16, 2019

မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းအပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များပါဝင်သော အစီရင်ခံစာကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ ဖတ်ကြားတင်သွင်းသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများအား သီခြားစီလက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 16, 2019

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Saurabh Kumar နှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများအား ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၏ မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 16, 2019

ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ကျင်းပသည်။

အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2019

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO)နှင့် ဂျာမနီပူးပေါင်းဆောင်မှု(German Cooperation)တို့ပူးပေါင်း၍ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့(Job Creation Sector Coordination Group- JCSCG) အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ PARK ROYAL Hotel ၌ ကျင်းပ သည်။

မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2019

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးသင်တန်း(၂/၂၀၁၉ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2019

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2019

ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း)၏ (၂/၂၀၁၉)လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏(၂/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် ဆဋ္ဌမအကြိမ် အလှူတော်ငွေ ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2019

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် ဆဋ္ဌမအကြိမ် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ကျင်းပသည်။

ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်တို့တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်နှောင့်ယှက်ပစ်ခတ်ပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2019

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့ အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့အား ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်

အထူးသတင်း