Myanmar Automated Cargo Clearance System (MACCS)





Myanmar Automated Cargo Clearance System (MACCS)


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

Importer/Exporter Code (IE Code)
 Maccs စနစ်ဖြင့် သွင်းကုန်/ ထုတ်ကုန် ကြေညာလွှာများတင်သွင်းရာတွင် မဖြစ်မနေ ထည့်သွင်းအသုံးပြုရမည့် Code ဖြစ်ပါသည်။ (C ဖြင့်စသော ဂဏန်း ၁၃ လုံးပါ၀င်ပါသည်) User Code Maccs ၏ User အဖြစ် ကုမ္ပဏီ (သို့) အဖွဲ့အစည်းကို ကိုယ်စားပြု၍သတ်မှတ်ပေးသော Code ဖြစ်ပါသည်။

User ID
 ကုမ္ပဏီ (သို့) အဖွဲ့အစည်းတွင်လုပ်ကိုင်လျက်ရှိသော ၀န်ထမ်းကို ကိုယ်စားပြုထုတ်ပေးခြင်း ဖြစ်ပါသည်။

Password  
Maccs Terminal Software ကို ၀င်ရောက်စတင်အသုံးပြုနိုင်ရန် ကနဦးထုတ်ပေးသော လုံခြုံမှုဆိုင်ရာ password ဖြစ်ပါသည်။( Password အား User မှမိမိနှစ်သက်ရာသို့ပြောင်းလဲသတ် မှတ်နိုင်ပါသည်)

Terminal ID
User များသုံးစွဲမည့်ကွန်ပျူတာတစ်လုံးချင်းစီကို Maccs System မှ အသိအမှတ်ပြုရန်ထည့်ပေးရသည့် ID Computer ကိုအသုံးပြုရန်သုံးစွဲရမည့် နံပါတ် ဖြစ်ပါသည်။

Terminal Access Key
အထက်ပါမှတ်ပုံတင်ထားသော Terminal ID ၏ Access Key ဖြစ်ပါသည်။ (Terminal ID နံပါတ်အားအသိအမှတ်ပြုသည့် Access Key ဖြစ် ပါသည်)

လိုအပ်သောစာရွက်စာတမ်းများ

User Registration ပြုလုပ်ရာတွင် လိုအပ်သော စာရွက် စာတမ်းများ

(၁)     Customs Broker

          (က) Agency Letter Head ဖြင့် ကတိခံ၀န်ချက် လျှောက်လွှာ

          ( ခ ) အဝါကဒ် (မူရင်း+မိတ္တူ)

          ( ဂ ) မှတ်ပုံတင် (မူရင်း+မိတ္တူ)

          (ဃ) Application Form (UR-1) (Soft Copy) ထည့်ထားသော Virus ကင်းစင်သည့် USB (4G)

(၂)    Importer/Exporter

          (က) Company Letter Head ဖြင့် ကတိခံ   ၀န်ချက် လျှောက်လွှာ

          ( ခ ) လျှောက်ထားသူ၏မှတ်ပုံတင် (မူရင်း+မိတ္တူ)

          ( ဂ ) IE Code (မူရင်း+မိတ္တူ)

          (ဃ) Application Form (UR-1)(Soft Copy) ထည့်ထားသော Virus ကင်းစင်သည့် USB  (4G)

(၃)     CMP Company

          (က) Company Letter Head ဖြင့် ကတိခံ     ၀န်ချက် လျှောက်လွှာ

          ( ခ ) လျှောက်ထားသူ၏မှတ်ပုံတင် (မူရင်း+မိတ္တူ)

          ( ဂ ) IE Code (မူရင်း+မိတ္တူ)

          (ဃ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၀င် လက်မှတ် (သို့)မြန်မာနိုင်ငံ စက်မှု လက်မှု  လုပ်ငန်းရှင်များအသင်းဝင် လက်မှတ် (မူရင်း+မိတ္တူ)

          ( င ) Application Form (UR-1) (Soft Copy)    ထည့်ထားသော Virus ကင်းစင်သည့် USB (4G)

(၄)     Freight Forwarder

          (က) Company Letter Head ဖြင့်ကတိခံ၀န်ချက်   လျှောက်လွှာ

          ( ခ ) လျှောက်ထားသူ၏မှတ်ပုံတင် (မူရင်း+မိတ္တူ)

          ( ဂ ) MIFA အသင်း၀င်လက်မှတ်(မူရင်း+မိတ္တူ)

          (ဃ) Airway Bill သုံးစွဲခွင့်ပြုမိန့်(မူရင်း+မိတ္တူ)

          ( င ) Company မှတ်ပုံတင်လက်မှတ် (မူရင်း+    မိတ္တူ)

          ( စ ) Form VI၊ Form XXVI (မူရင်း+မိတ္တူ)

          (ဆ) Application Form (UR-1)(Soft Copy) ထည့်ထားသော Virus ကင်းစင် သည့် USB (4G)

(၅)     အစိုးရဌာနဆိုင်ရာများ၊သံရုံးများနှင့် NGO အဖွဲ့ အစည်းများ

          (က) ကတိခံ၀န်ချက်လျှောက်လွှာ (သက်ဆိုင်ရာ    ဌာနအကြီးအကဲ၏ ထောက်ခံ ချက်)

          ( ခ ) ၀န်ထမ်းကဒ် (မူရင်း+မိတ္တူ)

          ( ဂ ) White Card (မူရင်း+မိတ္တူ)

          (ဃ) Application Form (UR-1)(Soft Copy) ထည့်ထားသော Virus ကင်းစင်သည့် USB (4G)

မှတ်ချက်

UR Form များအား www.maccs.gov.mm website တွင် ၀င်ရောက်၍ Download ပြုလုပ်နိုင်ပါသည်။

Importer/Exporter Code (IE) Code လာရောက် ထုတ်ယူရာတွင်တင်ပြရမည့်စာရွက်စာတမ်းများ

 (၁)    ထုတ်ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ရှိသော ကုမ္ပဏီများ အနေဖြင့် I/E Code ထုတ်ယူရာတွင် အောက်ပါ စာရွက်စာတမ်း များကိုတင်ပြရန် လိုအပ်ပါသည်

        (က) Company Letter Head (UR-3)

        ( ခ ) ကုမ္ပဏီနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ    (ကုမ္ပဏီမှတ်ပုံတင် လက်မှတ်၊ Form VI၊ Form XXVI ၊ထုတ်ကုန်/ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်) (မူရင်း+မိတ္တူ)

        ( ဂ ) ကုမ္ပဏီ၏အချက်အလက်ပါပုံစံ(UR-5)

        (ဃ) လာရောက်ထုတ်ယူသူ၏ မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ် (သို့) အဝါကဒ် (မူရင်း+ မိတ္တူ)

(၂)     ထုတ်ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် မရှိသော်လည်း ထုတ်ကုန်/ သွင်းကုန်လုပ်ငန်းရှင် နံပါတ် ရရှိထား သောဌာနဆိုင်ရာများ နှင့် အဖွဲ့အစည်းများ အနေဖြင့် I/E Code ထုတ်ယူရာတွင် အောက်ပါ စာရွက် စာတမ်း များကို တင်ပြရန် လိုအပ်ပါသည်။

       (က) ဌာနဆိုင်ရာ (သို့) အဖွဲ့အစည်း Letter Head  (UR-3)

       ( ခ) ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော    လိုင်စင် (သို့) ပါမစ် (မူရင်း+မိတ္တူ)

       ( ဂ) လာရောက်ထုတ်ယူသူ၏ မှတ်ပုံတင် (သို့)     နိုင်ငံကူးလက်မှတ် (သို့)  အဝါကဒ် (မူရင်း+မိတ္တူ)

(၃)   ထုတ်ကုန်/သွင်းကုန်လုပ်ငန်း ရှင်မှတ်ပုံတင်လက်မှတ် မရှိသော SEZ ကုမ္ပဏီများ၊ သံရုံးများ၊ UN အဖွဲ့အစည်းများ အနေဖြင့် I/E Code ထုတ်ယူ ရာတွင် အောက်ပါစာရွက် စာတမ်း များကိုတင်ပြရန် လိုအပ် ပါသည်။

       (က)ကုမ္ပဏီ (သို့) သံရုံး (သို့) UN အဖွဲ့အစည်းများ Letter Head (UR-3)

       (ခ) Request Form (UR-2) (Soft Copy နှင့်တာ၀န်ရှိသူလက်မှတ်ရေးထိုး ထား သော Hard Copy)

       (ဂ) လာရောက်ထုတ်ယူသူ၏ မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ် (သို့) အဝါကဒ် (မူရင်း+မိတ္တူ)

       (ဃ) SEZ ကုမ္ပဏီဖြစ်ပါက Thilawa Special Economic Zone Management Committee မှထုတ်ပေးသော Letter of Approval for Investor (Form 2) (မူရင်း+မိတ္တူ)

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

User Registration ပြုလုပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းများအား MACCS System အသုံးပြုမည့် သူများမှ လိုအပ်သောစာရွက်စာတမ်းများ ဖြင့် MACCS ဌာနခွဲ User Registration Section သို့ လာရောက် လျှောက်ထားရပါမည်။

အဆင့်(၂)

User Registration Section မှ သက်မှတ်ထားသော စာရွက်စာတမ်းများနှင့် ကိုက်ညီမှန်ကန်မှုရှိ/မရှိ စိစစ်၍ ကိုက်ညီမှန်ကန်မှု ရှိပါက System အသုံးပြုနိုင်သည့် User အဖြစ် ဆောင်ရွက်ပေးပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

အကောက်ခွန်ဦးစီးဌာန (MACCS ဌာနခွဲ)

အမှတ်(၁၃၂)၊ ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

MACCS System ဝန်ဆောင်မှုအား ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာ(၁၄)ခုတို့တွင် ဆောင်ရွက်လျက်ရှိပြီး

MACCS System တွင် User Registration ပြုလုပ်ထားသည့် Private User များအနေဖြင့် Internet Connection ရရှိသည့် မည်သည့် နေရာတွင်မဆို Declaration တင်သွင်းခြင်း လုပ်ငန်းစဉ်များ အား ဆောင်ရွက်နိုင်ပါသည်။

Website လိပ်စာ

www.customs.gov.mm

www.maccs.gov.mm



HOT NEWS
January 4,