နိုင်ငံခြားငါးဖမ်းရေယာဉ်လိုင်စင်ထုတ်ပေးခြင်း





နိုင်ငံခြားငါးဖမ်းရေယာဉ်လိုင်စင်ထုတ်ပေးခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)    ပြည်ထောင်စုအစိုးရအဖွဲ့ (သို့မဟုတ်) ဝန်ကြီးဌာနမှ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပြီးဖြစ်ရမည်။

( ခ )    မြန်မာနိုင်ငံတွင် ကုမ္ပဏီကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထား ရှိရ မည်။

( ဂ )    ဖက်စပ်ငါးဖမ်းလုပ်ငန်းအတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဖက်စပ်ကုမ္ပဏီ           တည်ထောင်ပြီးဖြစ်ရမည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)   လုပ်ကိုင်လိုသည့် ငါးဖမ်းလုပ်ငန်းအတွက် အဆိုပြုလွှာ

( ခ )   ငါးလုပ်ငန်းဦးစီးဌာနနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်း

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

(က)    ငါးဖမ်းရေယာဉ်များ မြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်သို့  ဝင်ရောက်ခွင့်ကို (၂)ပါတ် ကြိုတင်တင်ပြရမည်။

( ခ )    ဝင်ရောက်ခွင့်ရရှိပြီး ငါးဖမ်းရေယာဉ်များအား လိုင်စင်ခွန်ပေးသွင်းရန်အတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ရေယာဉ်တိုင်းတာစစ်ဆေးခြင်း ပြုလုပ်ရမည်။

( ဂ )    ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားသည့် ရေယာဉ်မှတ်ပုံတင်လက်မှတ်မူရင်းနှင့် မိတ္တူပူးတွဲ၍ ငါးဖမ်းခွင့်လိုင်စင် လျှောက်ထားရမည်။

(ဃ)     သတ်မှတ်ထားသည့် လိုင်စင်ကြေးများကိုနိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဖြင့် ပေးဆောင်ရမည်။ (လိုင်စင်ခများအား ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သတ်မှတ်သွားမည် ဖြစ်ပါသည်။)

( င )     ဖက်စပ်ငါးဖမ်းလုပ်ငန်းအတွက် လိုင်စင်ခကို 10US$/ GRT/ Month နှင့် ဖမ်းမိကုန်တက်တန်ဘိုး (Catch Sharing) ၏ ၁၅ % ပေးဆောင်ရမည်။

Website လိပ်စာ

www.dof.gov.mm



HOT NEWS
January 4,