သာသနာပြုရဟန်းတော်အဖြစ်လျှောက်ထားခြင်း





သာသနာပြုရဟန်းတော်အဖြစ်လျှောက်ထားခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(၁) သက်တော် ၂၅ နှစ်နှင့်အထက် သက်တော် ၅၀ နှစ်အတွင်း ဖြစ်ရမည်။

(၂) သိက္ခာ (၅)ဝါနှင့်အထက် ဖြစ်ရမည်။

(၃) ပညာအရည်အချင်းအနည်းဆုံး ပထမလတ်တန်းအောင်မြင် ရမည်။

(၄) အနည်းဆုံးသာသနာပြုတာဝန်များကို (၃)နှစ် ထမ်းဆောင် မည်ဟု ဝန်ခံကတိလက်မှတ် ရေးထိုးရမည်။

လိုအပ်သောစာရွက်စာတမ်းများ

(၁) ပထမလတ်တန်းအောင်လက်မှတ်။

(၂) အနည်းဆုံးသာသနာပြုတာဝန်များကို (၃)နှစ် ထမ်းဆောင်မည်ဟု ဝန်ခံကတိ လက်မှတ်။

(၃) သာသနာဝင်မှတ်တမ်းမိတ္တူ။

(၄) မြို့နယ်သံဃနာယကအဖွဲ့ထောက်ခံချက်။

(၅) ဥပဇ္စျယ်ဆရာတော်၏ထောက်ခံချက်။

(၆) ပတ်စ်ပို့ဓါတ်ပုံ ၃ ပုံ။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့သို့လျှောက်ထားရန်။

ဆက်သွယ်ရမည့်လိပ်စာ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ 

ရုံးအမှတ်(၃၁)၊ နေပြည်တော်။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်တိုင်းဒေသကြီး။

ဖြည့်စွက်ချက်

ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခန့်အပ်ပါသည်။

Website လိပ်စာ

မရှိပါ။



မေးလေ့ရှိသောမေးခွန်းများ

HOT NEWS
January 4,