မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ပေးနေသော ဝန်ဆောင်မှုများ





မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ပေးနေသော ဝန်ဆောင်မှုများ


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုခေါင်းစဉ်

  • ရေယာဉ်ပုံစံများအားရေးဆွဲပေးခြင်း
  • Design Data များအားတွက်ချက်ပေးခြင်း
  • ရေယာဉ်အသစ်တည်ဆောက်ခြင်း
  • ရေယာဉ်ပြင်ဆင်ခြင်း
  • အထွေထွေအင်ဂျင်နီယာလုပ်ငန်း

ဝန်ဆောင်မှုရယူရန် လိုအပ်ချက်များ

  • ရေယာဉ်ပုံစံများ ရေးဆွဲခြင်းအတွက် လုပ်ငန်းအပ်နှံသော ရေယာဉ် ပိုင်ရှင်၏ လိုအပ်ချက်ဖြစ်သော ရေယာဉ်အမျိုးအစား (Type of Vessel)၊ ရေယာဉ်အရွယ်အစား (Principal Dimension)၊ အသုံး ပြုမည့်နေရာဒေသ၊ တင်ဆောင်မည့် ကုန်အမျိုးအစား (Type of Cargo) တို့၏ အချက်အလက်များ လိုအပ်ပါသည်။
  • Design Data များ ထုတ်လုပ်ရန်အတွက် General Arrangement နှင့် Lines Planများ လိုအပ်ပါသည်။
  • ရေယာဉ် တည်ဆောက်ရန်အတွက် တည်ဆောက်မည့် ရေယာဉ် ပုံစံများ အပြည့်အစုံ လိုအပ်ပါသည်။
  • ရေယာဉ်ပြင်ဆင်ခြင်း လုပ်ငန်းအတွက် ပြင်ဆင်မည့် ရေယာဉ် အမျိုးအစား၊ အလေးချိန် (Dead Weight) ၊ အရွယ်အစား၊ ရေယာဉ်၏ General Arrangement Plan, Docking Plan, Defect List, Certificate of Registry များ လိုအပ်ပါသည်။

ဝန်ဆောင်ခ

လုပ်ငန်းအပ်နှံမှုအပေါ် မူတည်ပြီး မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ Estimated Cost အား တွက်ချက်ပေးပါသည်။

လျှောက်ထားရန် အဆင့်များ

လုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းအပ်နှံရန်အတွက်  ရေယာဉ်ပိုင်ရှင် (သို့မဟုတ်) ရေယာဉ်ပိုင်ရှင် ကိုယ်စားလှယ်မှ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းသို့ ရုံးချိန်အတွင်း လာရောက်ပြီး ကြိုတင် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

ဆက်သွယ်ရမည့် လိပ်စာ

မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဝန်ဆောင်မှုရရှိ နိုင်မည့် တည်နေရာ

မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

MS-AMECC JV CO.,LTD, ဆင်မလိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Website လိပ်စာ

www.motc.gov.mm/my/



HOT NEWS
January 4,