အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း

အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း


စက်မှုဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

မိသားစုဝင်များဖြင့် သော်လည်းကောင်း၊ အလုပ်သမားငှားရမ်းအသုံးပြု၍ သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် မြင်းကောင်ရေ ၀.၂၅ နှင့်အထက်၊ ၅ ကောင်အားနှင့်အောက် အသုံးပြုသည့် အလုပ်သမား ၉ ဦး ထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်သမား ၃ ဦးနှင့် အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများ မှတ်ပုံတင်နိုင်ပါသည်။

ဝန်ဆောင်ခ

လုပ်ငန်းမှတ်ပုံတင်ကြေး - ၁၀၀၀၀ ကျပ်

လျှောက်လွှာတင်ရာတွင် လိုအပ်သည့်စာရွက် စာတမ်းများ

(၁)     လျှောက်လွှာပုံစံ(၁) သုံးစုံ၊

(၂)      လိုင်စင်ဓာတ်ပုံ ငါးပုံ၊

(၃)     နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ သုံးစောင်၊

(၄)     လူသုံးကုန်၊ အလှကုန်နှင့်စားသောက်ကုန်လုပ်ငန်းအတွက် လျှောက်ထားခြင်း ဖြစ်လျှင် ဓာတ်ခွဲစမ်းသပ်မှုရလဒ်များ၊

(၅)     တိုင်းရင်းဆေးဝါးဖြစ်ပါက သက်ဆိုင်ရာတိုင်းရင်းဆေးပညာဦးစီး ဌာနက ထုတ်ပေးသော လိုင်စင်နှင့်မှတ်ပုံတင်လက်မှတ်၊

(၆)     သစ်အခြေပြု အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွင် အသုံးပြုသည့် ပြန်စိတ်စက်ငယ်လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများဖြစ်ပါက သစ်စက်နှင့် သစ်ဆိုင်များမှ ဝယ်ယူသော တရားဝင် သစ်ပြေစာများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်သစ်တောဦးစီးဌာန၏ထောက်ခံစာ။

(၇)     အခြားထုတ်ကုန်ပစ္စည်းများအတွက် သက်ဆိုင်ရာ အထောက် အထား စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။

(၈)     သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာ။

လျှောက်လွှာရယူနိုင်သည့်နေရာများ

လုပ်ငန်းမှတ်ပုံတင်လျှောက်ထားလိုသူသည် လျှောက်လွှာပုံစံ(၁)ကို မိမိလုပ်ငန်းတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများ၌ ဝယ်ယူရမည်။

လျှောက်ထားရန် အဆင့်ဆင့်များ

(၁) မိမိလျှောက်ထားလိုသည့် တိုင်းဒေသကြီး/ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ တွင်လျှောက်လွှာတင်သွင်း၍ လျှောက်ထားနိုင်ပါသည်။

(၂) လျှောက်လွှာ တင်သွင်းပြီးပါက လုပ်ငန်းတည်နေရာများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ပါသည်။

(၃) စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အသေးစား စက်မှု လက်မှု လုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့်အညီ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်နေပါကြောင်း စစ်ဆေးတွေ့ရှိပါက အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) နေပြည် တော်သို့ ထောက်ခံတင်ပြ၍ မှတ်ပုံတင်လုပ်ငန်းများ ကြီးကြပ် စိစစ်ဆေးအဖွဲ့ အစည်း အဝေးမှ အတည်ပြုဆုံးဖြတ်ချက်ဖြင့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးသွားမည် ဖြစ်ပါ သည်။

(၄) ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများတွင် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကွင်းဆင်း စစ်ဆေး၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက် နေပါကြောင်း စစ်ဆေးတွေ့ရှိ ပါက တိုင်းဒေသကြီး/ ပြည် နယ် မှတ်ပုံတင်လုပ်ငန်းများကြီးကြပ် စိစစ်ဆေးအဖွဲ့ အစည်း အဝေးမှ အတည်ပြုဆုံးဖြတ်ချက်ဖြင့် လုပ်ငန်းမှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်တော်ကောင်စီ (၂) ထပ်ရုံး၊ ပင်မအဆောင်အဦးထပ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ၀၆၇- ၅၅၀၃၆၃

ကချင်ပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းကျောင်းလမ်း၊ ရန်ကြီးအောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်၊ ၀၇၄-၂၀၉၈၈

လွိုင်ကော်မြို့

ဒုတိယညွှန်ကြားရေးမှူး၊ ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဝိဇ္ဇာလမ်း၊ ဒေါမရပ်ကွက်၊ လွိုင်ကော်မြို့။၀၈၃-၂၄၀၀၉၇

ကရင်ပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အမှတ်(၁၀)ရပ်ကွက်၊ လှာကမြင်တိုးချဲ့ကွက်သစ်၊ မဲဘောင်နောင်ပလိန်လမ်း၊ ၀၅၈-၈၉၀၄၀၀၇

ချင်းပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဈေး(၁)ရပ်ကွက်၊ ဟားခါးမြို့၊ ချင်းပြည်နယ်၊ ၀၇၀-၂၁၆၃၉

စစ်ကိုင်းတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဗိုလ်ချုပ်လမ်း၊ ဒေါနခြံရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ၀၇၁-၂၆၅၈၀

တနင်္သာရီတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းသမဝါယမဦးစီးမှူးရုံးဝင်း၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ၀၅၉-၂၂၆၀၉

ပဲခူးတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တောင်ငူလမ်း၊ မြို့သစ်(ခ)၊ ဘောလုံးကွင်းရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး ၀၅၂-၂၂၀၁၂၉၃

မကွေးတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အမှတ်(၁၈၆)၊ ဗိုလ်ချုပ်လမ်း၊ မစိုးရိမ်ရပ်ကွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး ၀၉၄၂၅၆၆၁၅၁၄

မန္တလေးမြို့

ဒုတိယညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ (၈၂ x ၂၅) လမ်းဒေါင့်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။ ၀၂-၃၉၆၀၉

မော်လမြိုင်မြို့

ဒုတိယညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ အမှတ်(၃၇)၊ ရတနာလမ်း၊ မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။ ၀၅၇-၂၄၆၉၈

ရခိုင်ပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကန်တော်ကြီးအကွက်အမှတ်(၁)၊ စက်ရုံစုရပ်ကွက်၊ ကိုယ်ပွားသတင်းစာတိုက်အနီး၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ ၀၄၃-၂၂၉၄၉

ရန်ကုန်တိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ အမှတ် (၁၃၇) သုဓမ္မာ လမ်းမကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ ၀၁- ၆၆၅၈၀၆

ရှမ်းပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။ ၀၈၁-၂၀၆၈၂၉

ဧရာဝတီတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အမှတ်(၅၂)၊ ခေတ္တာ(၃)လမ်း၊ ၁၃ ရပ်ကွက်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။ ၀၄၂-၂၉၂၃၁

Website လိပ်စာ

မရှိပါ။



ဝန်ဆောင်မှု (အွန်လိုင်း) - ၂ ခု

SME အသင်းဝင်ကတ်များ အွန်လိုင်းမှစတင်လျှောက်ထားခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021

 အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များအနေနှင့် (SME) အသင်းဝင်ကတ်များကို မိမိတို့ဒေသရှိ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်...

Rating
HOT NEWS
January 4,