ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

လုပ်ငန်းတာဝန်များ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) မြို့ပြစီမံကိန်းများ ရေးဆွဲခြင်း၊

(၂) မြေများနှင့်စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(၃) ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များ၊ အရန်မြေများနှင့် လမ်းမများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ၊ နေအိမ်များ၊ တဲများနှင့် ပစ္စည်းများကို ကျူးကျော်ဆောက်လုပ် စုပုံထားရှိခြင်း မရှိစေရန်ကြပ်မတ်ခြင်း၊ ဖျက်သိမ်းဖယ်ရှားစေခြင်း၊ ဖျက်သိမ်းဖယ်ရှားခြင်းနှင့် ပြောင်းရွှေ့နေရာချထားပေးခြင်း၊

(၄) ကော်မတီပိုင်မြေ သို့မဟုတ် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ အရန်မြေတို့အား မူလသတ်မှတ်ထားသည့် အစီအမံများအစား မြို့ပြဖွံ့ဖြိုးမှုအတွက် လိုအပ်ပါက ပိုမိုတိုးတက်ဖြစ်ထွန်းမည့် အစီအမံများ ပြောင်းလဲဆောင်ရွက်ခြင်း၊

(၅) လမ်းမကြီးများတစ်လျှောက် လမ်းလယ်ကျွန်းများနှင့်စင်္ကြံများကို အမြဲစိမ်းလန်း စိုပြည်လှပရန် စီမံဆောင်ရွက်ခြင်း၊

(၆) အများပြည်သူဆိုင်ရာ ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ အပန်းဖြေရိပ်သာ များနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရန် မြေကွက်လပ်များ စီမံထားရှိခြင်း၊ ကြီးကြပ်ခြင်းနှင့် ထိန်းသိမ်းခြင်း၊

(၇) အများပြည်သူသုံးသန့်စင်ခန်းများကို သင့်လျော်သောနေရာများတွင် တည်ဆောက်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်း၊

(၈) အဆောက်အအုံများဆောက်လုပ်ခြင်းကို စည်းမျဉ်းစည်းကမ်းနှင့် ညီ မညီ စစ်ဆေးခြင်း၊ ခွင့်ပြုခြင်းနှင့် အရေးယူခြင်း၊

(၉) နယ်မြေဒေသအလိုက် ဆောက်လုပ်ရမည့် အဆောက်အအုံ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဇုန်များသတ်မှတ်ခြင်း၊ ကန့်သတ်ဧရိယာများ သတ်မှတ်ခြင်း၊ အဆောက်အအုံအမျိုးအစား၊ ပုံစံ၊ ပန္နက်ပုံစံ၊ အဆောက်အအုံ၏ အမြင့်အထပ် အရေအတွက်၊ အဆောက်အအုံနယ်သတ်မျဉ်းကြောင်းနှင့် လမ်းနယ်သတ်မျဉ်းကြောင်း အကွာအဝေး၊ အခန်းတစ်ခန်း၏ အနည်းဆုံးရှိရမည့်ဧရိယာ၊ အသုံးပြုရမည့် အမျိုးအစားတို့ကို သတ်မှတ်ကြေညာခြင်း၊

(၁၀) ဘေးအန္တရာယ်ဖြစ်စေသည့် အဆောက်အအုံများ၊ အစိတ်အပိုင်းများနှင့် နေရာများ ကို ပြုပြင်စေခြင်းနှင့် ဖယ်ရှားခြင်း၊ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊

(၁၁) ကော်မတီပိုင်အဆောက်အအုံများ ထိန်းသိမ်းပြုပြင်ခြင်း၊

(၁၂) မြို့ပြအမွေအနှစ် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

(၁၃) သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ မီးသတ်စက်ကိရိယာပစ္စည်းများကို စီမံထားရှိခြင်း၊ မီးဘေးအန္တရာယ်ရှိ အဆောက်အအုံ နှင့်တဲများအား ဖျက်သိမ်းဖယ်ရှားစေခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊

(၁၄) ယာဉ်များသွားလာခြင်း၊ ရပ်နားခြင်း၊ ယာဉ်ရပ်နားစခန်းများတည်ဆောက်ခြင်း၊ ယာဉ်များ ဆိုက်ရောက်၊ ရပ်နား၊ ထွက်ခွာရေး စခန်းများ တည်ဆောက်ခြင်း၊ ယင်းတို့နှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(၁၅) စည်ပင်သာယာရေး အခွန်အခများကောက်ခံခြင်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကော်မတီကတာဝန်ခံဆောင်ရွက်ခြင်း၊ လိုအပ်ပါကသင့်လျော်သော အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား သင့်လျော်သည့် ကာလ အတွက် ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ၊ အခြားသင့်လျော်ကောင်းမွန်သောစနစ်ဖြင့်ဖြစ်စေ ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်၍ တာဝန်ပေးအပ်နိုင်ခြင်း၊

(၁၆) အများပြည်သူဆိုင်ရာ လမ်းများဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် လူကူးတံတားများ၊ ဥမင်များ၊ မြေအောက်ပိုက်လိုင်းများ၊ တာရိုးများ၊ ကော်မတီက စီမံပိုင်ခွင့်ရှိသော ချောင်းများ၊ ရေမြောင်းများ ရေစီးရေလာဆိုင်ရာ အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊

(၁၇) လမ်းနယ်နိမိတ်အတွင်း အခြေခံအဆောက်အအုံများ နေရာချထားမှုကို စီမံခန့်ခွဲခြင်း၊

(၁၈) လမ်းများဖောက်လုပ်မှု၊ အသုံးပြုမှုနှင့်ပတ်သက်၍ လမ်းအင်္ဂါရပ်နှင့် အညီ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းသတ်မှတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊

(၁၉) လမ်းများကို အမည်ပေးခြင်း၊ အမှတ်စဉ်တပ်ခြင်း၊ အဆောက်အအုံနှင့် မြေများ ကို အမှတ်စဉ်တပ်ခြင်းနှင့် ထိုသို့ဆောင်ရွက်ချက်များကို အများပြည်သူသိရှိရန်ကြေညာခြင်း၊

(၂၀) စည်ပင်သာယာဈေးများ၊ အများပြည်သူဆိုင်ရာနေရာနှင့် အဆောက်အအုံများ၊ လမ်းများ၊ ပန်းခြံများ၊ ပန်းဥယျာဉ်များတွင် မီးထွန်းညှိပေးခြင်း၊

(၂၁) မြို့တော် နယ်နိမိတ်အတွင်း လုံလောက်သော ရေပေးဝေသည့် လုပ်ငန်းကို ဆောင်ရွက်ခြင်း၊

(၂၂) လုံလောက်သော ရေပေးဝေနိုင်ရန်အတွက် ရေလှောင်ကန်များ၊ အဝီစိတွင်းများ၊ ရေပိုက်လိုင်းများ တည်ဆောက်တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေ အရင်းအမြစ်များကို ရှာဖွေအသုံးပြုခြင်း၊

(၂၃) အင်းလျားကန်၊ ကန်တော်ကြီးနှင့် အခြားရေကန်ကြီးများကို အမြဲသာယာသန့်ရှင်း နေစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

(၂၄) ရေဆိုး၊ ရေညစ်များ ထိရောက်စွာ စွန့်ထုတ်နိုင်ရန် ရေဆိုးထုတ်မြောင်းများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဆေးကြောခြင်း၊ သန့်ရှင်းအောင် ပြုလုပ်ခြင်း နှင့် ကြီးကြပ်ခြင်း၊

(၂၅) ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊

(၂၆) မြေအောက်ရေတူးဖော်ခြင်း၊ ထုတ်ယူသုံးစွဲခြင်း၊ ဖြန့်ဝေခြင်း စသည်တို့နှင့် စပ်လျဉ်း၍ စီမံခန့်ခွဲခြင်း၊

(၂၇) ပြည်သူများ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၂၈) ရေတွင်း၊ ရေကန်၊ ရေမြောင်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် လိုအပ်သော အစီအမံများ ချမှတ်ပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(၂၉) ဈေးများနှင့် လမ်းဘေးဈေးဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန် များကို ကျန်းမာရေးနှင့်ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးကြပ်မတ်ခြင်း နှင့် အရေးယူခြင်း၊

(၃၀) စည်ပင်သာယာဈေးများကို တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပုဂ္ဂလိကပိုင်ဈေးများ၊ ကုန်ပဒေသာဆိုင်များနှင့် ကုန်တိုက်များကို ကြီးကြပ်ကွပ်ကဲခြင်း၊

(၃၁) လမ်းများ သန့်ရှင်းစေရန်ဆောင်ရွက်ခြင်း၊ လမ်းပေါ်ရှိ ခွေးလေခွေးလွင့် ရှင်းလင်းခြင်း၊ စွန့်ပစ်ပစ္စည်းများ၊ ညစ်ညမ်းပစ္စည်းများနှင့် စက်ဆုပ်ဖွယ်ဖြစ်သည့် ပစ္စည်းများကို သိမ်းဆည်း၊ ဖယ်ရှား၊ စွန့်ပစ်ခြင်း၊

(၃၂) အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို ဖမ်းဆီး၊ ထိန်းသိမ်း၊ သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် တည်ထောင်ဖွင့်လှစ် ခွင့်ပြုခြင်း၊ လေလွင့်တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊

(၃၃) ကျွဲ၊ နွားတိရစ္ဆာန်၊ အိမ်မွေးတိရစ္ဆာန်များနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အရေးယူခြင်း၊

(၃၄) အများပြည်သူ စားသုံးရန်အလို့ငှာ သားငါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း တို့နှင့် စီမံခန့်ခွဲခြင်း၊

(၃၅) စက်ဆုပ်ဖွယ်အရာ ဖြစ်သည့်အပြင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ပစ္စည်းများ၊ စားသုံးရန်မသင့်သော သားငါးများရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ထားရှိခြင်းတို့ကို တားမြစ်ခြင်းနှင့် စစ်ဆေးအရေးယူဆောင်ရွက်ခြင်း၊

(၃၆) နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်း၊ လိုအပ်သလို စီမံခန့်ခွဲခြင်း၊

(၃၇) အမှိုက်ပုံး၊ အမှိုက်ကန်၊ အမှိုက်ပုံနေရာများ၊ ထပ်ဆင့်လွှဲပြောင်းစနစ် ဆောင်ရွက်မည့် အမှိုက်စွန့်နေရာများနှင့် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံနေရာများ သတ်မှတ်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်း၊ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း၊ စီမံခန့်ခွဲ ကြီးကြပ်ခြင်း၊

(၃၈) မြို့တော်ပတ်ဝန်းကျင်ရှိ ရေထု၊ လေထု၊ မြေထု အရည်အသွေးထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်အလို့ငှာစက်ရုံ၊ အလုပ်ရုံများ၊ ယာဉ်များ၊ ယန္တရားများ၊ လူ့အသုံးအဆောင် ပစ္စည်းများမှ ထုတ်လွှတ်သည့် အခိုးအငွေ့များ၊ စွန့်ထုတ်အရည်များနှင့် စွန့်ထုတ် အစိုင်အခဲများ ထွက်ရှိမှု ရှိ မရှိ နှင့် ပြည်သူများကျန်းမာရေး ထိခိုက်မှု ရှိ မရှိ စစ်ဆေး ကြပ်မတ်ခြင်း၊ အရေးယူခြင်းတို့ကို သက်ဆိုင်ရာအစိုးရဌာနများ၊ ပညာရှင်များ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(၃၉) သင်္ဂြိုဟ်စက်များတည်ဆောက်ခြင်း၊ သင်္ဂြိုဟ်ခွင့်ပြုခြင်း၊ ဂူသွင်းခြင်း၊ စီမံခန့်ခွဲခြင်း နှင့် ကြီးကြပ်ခြင်း၊

(၄၀) သုသာန်မြေများသတ်မှတ်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းသည့် သုသာန်မြေကို အခြားနည်းအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊

(၄၁) အနှေးယာဉ် အမျိုးအစားအလိုက် စည်းကမ်းချက်များသတ်မှတ်၍ အနှေးယာဉ် လိုင်စင်နှင့်အနှေးယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ် ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် သတ်မှတ်ကာလအတွင်း သက်တမ်းတိုးရန် ပျက်ကွက် သည့် လိုင်စင်ကိုပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်း၊ အနှေးယာဉ်များအား စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊ စည်းကမ်းမဲ့ပြေးဆွဲလျက်ရှိသောအနှေးယာဉ်များအား သိမ်းဆည်း စစ်ဆေးခြင်းနှင့်အရေးယူခြင်း၊

(၄၂) လမ်းဘေးဈေးဆိုင်များနှင့် စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊

(၄၃) တည်းခိုခန်းများ၊ ဘော်ဒါဆောင်များ၊ ပွဲရုံလုပ်ငန်းများ၊ ပုဂ္ဂလိကအပေါင်ဆိုင်များ နှင့် အကျိုးဆောင်လုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်ရေပေးဝေရေးလုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုခြင်းနှင့် စစ်ဆေးခြင်း၊

(၄၄) ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က ဆောင်ရွက်သည့် လုပ်ငန်းနှင့် ကြော်ငြာတို့အပေါ် ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ ခွင့်ပြုကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(၄၅) ကော်မတီ၏မူဝါဒအရ ဆောင်ရွက်ချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ အား ရန်ကုန်မြို့တော်နေ ပြည်သူလူထုတစ်ရပ်လုံးနှင့် မြို့တော်တွင်း ဝင်ထွက် သွားလာသူ အားလုံးမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် လူထုဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့်အသိပေးဆောင်ရွက်ခြင်း၊

(၄၆) ကော်မတီပိုင် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲခြင်း၊

(၄၇) ကော်မတီ၏ လုပ်ငန်းများအတွက် လိုအပ်သော သုတေသန လုပ်ငန်းများ၊ လေ့လာသင်ကြားရေးလုပ်ငန်းများနှင့် ဥပဒေရေးရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊

(၄၈) လေလွင့်သွားလာနေသော စိတ်ဝေဒနာရှင်၊ ကိုယ်ရေပြားရောဂါ စွဲကပ်သူ၊ လေလွင့် ကလေးသူငယ်နှင့် တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

ဖွဲ့စည်းပုံ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အောက်ပါဌာနများဖြင့် ဖွဲ့စည်းထားပါသည်-

(က)  ကော်မတီရုံး

(ခ)   စီမံရေးရာဌာန

(ဂ)   ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန

(ဃ)   ရာပြတ်ဌာန

(င)  အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)

(စ)    အင်ဂျင်နီယာဌာန(အဆောက်အအုံ)

(ဆ)    အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)

(ဇ)   အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)

(ဈ)    မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

(ည)   ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန

(ဋ)  တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန

(ဌ)   ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

(ဍ)    မြို့ပြမြေစီမံခန့်ခွဲမှုဌာန

(ဎ)   ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန

(ဏ)   ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန

(တ)  ပြည်သူ့ကျန်းမာရေးဌာန

(ထ)   မြို့ပြစီမံကိန်းဌာန

(ဒ)   လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန
 

Website လိပ်စာ

            https://www.ycdc.gov.mm

ရရှိနိုင်သော Online ဝန်ဆောင်မှုများ