ကဆုန်လပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြ၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများဆောင်ရွက်

ကဆုန်လပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြ၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများဆောင်ရွက်


Ministry of Information/ Naypyitaw / May 12, 2025
image_latest


နေပြည်တော် မေ ၁၁

ယနေ့ကျရောက်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ စေတနာရှင်၊ ကုသိုလ်ရှင်များက သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်သို့လည်း နံနက်ပိုင်းကစတင်၍ အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ၊ ပြည်သူများလာရောက်၍ ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်ကိုလည်း ညောင်ရေသွန်းလောင်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကိုလည်း ရေသပ္ပာယ်ပူဇော်ကြသည်။

ထို့နောက် ဘုရားဖူးလာပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဂန္ဓကုဋိတိုက်တော်များ၊ ကျောက်စာရုံစေတီတော် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားစသည့် ဘုရား၊ ကျောင်း၊ ကန်၊ သာသနိကအဆောက်အအုံများကို လေ့လာဖူးမြော်ကြည်ညိုကြပြီး တရားဘာဝနာ ပွားများအားထုတ်ခြင်း၊ အသင်းအဖွဲ့အလိုက်ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြကာ တရားဓမ္မသံတို့ဖြင့် ထုံမွမ်းလျက်ရှိသည်ကိုလည်း တွေ့မြင်ကြားသိရသည်။

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့်အတူ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပပြီး ညပိုင်းတွင်လည်း ဘုရားဖူးလာ ပြည်သူများက ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာ အခမ်းအနားတွင် သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရဟောကြားချီးမြှင့်တော်မူသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြည်ညိုကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားစေတီတို့တွင်လည်း ဓမ္မစကြာဝတ်အသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ဘုရားဖူးလာပြည်သူများက ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်းတို့ကို ကုသိုလ်စိတ်အား ထက်သန်စွာဖြင့် ဆောင်ရွက်ကြပြီး အလှူရှင်များကရေ၊ အစားအစာနှင့် အချိုရည်များကို စတုဒိသာ အလှူအဖြစ် လှူဒါန်းကြသည်။

ညနေပိုင်းတွင်လည်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် မဟာဗောဓိပင်တို့၌ ဆီမီး၊ ပန်းမန်၊ သောက်တော်ရေချမ်း ကပ်လှူပူဇော်ကြခြင်း၊ ဝတ်ရွတ်ပူဇော်ကြခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့ကိုလည်း ကုသိုလ်သဒ္ဓါတရားထက်သန်စွာ ဆောင်ရွက်ကြသည်။

ကဆုန်လပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန်လုံခြုံရေး ဆောင်ရွက်ပေးသည်။

သတင်း-မျိုးဆက်သစ်၊ ဓာတ်ပုံ-ဖိုးပြည့်စုံ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2025
AnnouncementsExplore more >

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

HOT NEWS
January 4,