ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အခမ်းအနားကျင်းပ၊ အပန်းဖြေစခန်းများမှ ပြည်လည်ရောက်ရှိလာသော လူရည်ချွန် မောင်မယ်များ အတွေ့အကြုံရှင်းလင်း

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အခမ်းအနားကျင်းပ၊ အပန်းဖြေစခန်းများမှ ပြည်လည်ရောက်ရှိလာသော လူရည်ချွန် မောင်မယ်များ အတွေ့အကြုံရှင်းလင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 06, 2024


ဘားအံ - မေ (၆)

ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံပြည်သူ့ဆေးရုံကြီး၊ တိုးချဲ့(၃)ထပ်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူတစ်ရပ်လုံးအား လိုအပ်သော ကာကွယ်ဆေးများကို သတ်မှတ်ချက်အတိုင်းအသက်အရွယ်အလိုက်အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးထားခြင်းအားဖြင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်ကြောင်း၊ ကလေးများ၏အနာဂတ်လှပစေရေး အတွက် အသက်အရွယ်အလိုက်ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများ တစ်ယောက်မကျန်ထိုးနှံတိုက်ကျွေးရေး အတွက် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အားလုံးဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက နှင့်အဖွဲ့ဝင်များက ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြပြီး အာဟာရဖြည့်စွက်အစားအစာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ အပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိ လာသော လူရည်ချွန်မောင်/မယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ လူရည်ချွန်မောင်/မယ်များက လူရည်ချွန် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရွေးချယ်ခံရထားပြီးဖြစ်သော လူရည်ချွန်မောင်မယ်များအနေဖြင့်လည်း တိုင်းပြည်၏ရတနာ၊ ပြည်နယ်၏သားကောင်းသမီးမွန်များအဖြစ် ဆက်လက်ကြိုးစားပြီး စံပြလူငယ်လေးများအောင် နေထိုင်ကြိုးစားကြဖို့ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်/မယ်များက ခရီးစဉ်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက လူရည်ချွန်မောင်/မယ်များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ် က လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ ကြီးကြပ်ဆရာ၊ဆရာမများက ပြည်နယ်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများ လူရည်ချွန်မောင်မယ်များနှင့်အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားကာ လူရည်ချွန်မောင်/မယ်များအား နေ့လည်စာဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံခဲ့ကြပါသည်။

 

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,