ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲများ မြန်မာပိုက်ကျော်ခြင်းအသင်း ဆက်လက်ယှဉ်ပြိုင်
ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲများ မြန်မာပိုက်ကျော်ခြင်းအသင်း ဆက်လက်ယှဉ်ပြိုင်
Ministry of Information/ Naypyitaw / May 18, 2026
ရန်ကုန် မေ ၁၇
၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို မေ ၁၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် သုံးယောက်တွဲနှင့် လေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများ ယှဉ်ပြိုင်ကစားသည်။
သုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို နှစ်ပွဲပြတ်အနိုင်ရပြီး အင်ဒိုနီးရှားအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ပထမပွဲငယ်တွင် ၁၅-၇ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်ဖြင့် အနိုင်ရရှိပြီး အင်ဒိုနီးရှားနှင့် နောက်ဆုံးပွဲတွင် ပထမပွဲငယ်၌ ၁၅-၉ မှတ်ဖြင့် အနိုင်ရရှိကာ ဒုတိယပွဲငယ်တွင် ၇-၁၅ မှတ်၊ တတိယပွဲငယ်၌ ၁၃-၁၅ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လေးယောက်တွဲပြိုင်ပွဲ အုပ်စုပထမပွဲတွင် မြန်မာအသင်းသည် ဘရူနိုင်းအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၅-၁၁ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ လေးယောက်တွဲပြိုင်ပွဲ အုပ်စု နောက်ဆုံးနေ့အဖြစ် မြန်မာအသင်းသည် မေ ၁၈ ရက်တွင် တရုတ်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ၊ ဓာတ်ပုံ - ISTAF
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
