ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့၌ အကြိမ်(၂၀)မြောက် အာရှမီဒီယာထိပ်သီးဆွေးနွေးပွဲကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့၌ အကြိမ်(၂၀)မြောက် အာရှမီဒီယာထိပ်သီးဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / July 26, 2025
image_latest


ဆီယမ်ရိ ဇူလိုင် ၂၅

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ Sokha Siem Reap Resort & Convention Center ၌ အကြိမ်(၂၀)မြောက် အာရှမီဒီယာထိပ်သီးဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်က ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ ဆက်လက်တက်ရောက်သည်။

မွန်းလွဲပိုင်းတွင် CEO Session ကို ကျင်းပပြီး သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်သည့် Angkor Declaration 2.0 ကို ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာသည်။

ဆက်လက်၍ AIBD အမှုဆောင်အရာရှိချုပ်က တက်ရောက်လာကြသည့် ပြန်ကြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ညနေပိုင်းတွင် 20th AMS ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Mr. Neth Pheaktra နှင့် AIBD အမှုဆောင်အရာရှိချုပ် Ms. Philomena Gnanapragasam တို့က (၂၁)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမည့် မော်လဒိုက်နိုင်ငံမှ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Ms. Heena Waleed အား လွှဲပြောင်းပေးသည့် အသိအမှတ်ပြုလွှာပေးအပ်သည်။

ထို့နောက် မော်လဒိုက်နိုင်ငံမှ ဒုတိယဝန်ကြီး Ms. Aminath Namza က 21st AMS ကို လက်ခံကျင်းပခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ယင်းနောက် AIBD အမှုဆောင်အရာရှိချုပ် Ms. Philomena Gnanapragasam က ကျေးဇူးတင်စကားပြောကြားကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးထံ အသိအမှတ်ပြုလွှာပေးအပ်ပြီး ပြန်ကြားရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင် 20th AMS သို့ တက်ရောက်လာသည့် အာရှပစိဖိတ်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်နေရာများဖြစ်သည့် အန်ကောဝပ်၊ တာ့ဖရွန်နှင့် ဘေယွန်ဘုရားကျောင်းတို့သို့ သွားရောက်လေ့လာကြပြီး အန်ကောဝပ်ဘုရား ကျောင်း‌‌ရှေ့၌ 20th AMS အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့က အမှတ်တရသစ်ပင်ကို စိုက်ပျိုးပေးခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် Sokha Siem Reap Resort Hotel ၌ Asia-Pacific Institute for Broadcasting Development (AIBD) မှ အမှုဆောင်အရာရှိချုပ် Ms. Philomena Gnanapragasam နှင့် တွေ့ဆုံ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံလွှင့်နည်းပညာ ဆိုင်ရာသင်တန်းများပေးနိုင်ရေး၊ ထုတ်လုပ်မှုနည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဆွေးနွေးပွဲများကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။ 

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Jul 24, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 23, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 22, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Posted on Jul 21, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jul 24, 2025

အများပြည်သူသို့ အသိပေးကြေညာချက်

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,