ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
Ministry of Information/ Naypyitaw / April 18, 2024
နေပြည်တော် ဧပြီ ၁၇
၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော်တွင်ပါဝင်ဆင်နွှဲခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များသည် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြပြီး ဆင်ဖြူတော်ဆောင်သို့ ဆက်လက်သွားရောက် လေ့လာကြသည်။
ထို့နောက် နေပြည်တော်ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြရာ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု၊ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။ ဆက်လက်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာတည်ထား ပူဇော်ထားသည့်အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒအိုင်နှင့်အခြားသာသနိက အဆောက်အအုံများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာကြသည်။
အဆိုပါ ကိုရီးယား K-Pop အနု ပညာရှင်များအနက် နောက်ဆုံးထပ်မံရောက်ရှိလာသော K-Pop အနုပညာရှင်အဖွဲ့သည် ယနေ့ည ၉ နာရီခန့်တွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အဆိုအကများနှင့်တွဲဖက်၍ တိုက်ရိုက် (Live)ရိုက်ကူးထုတ် လွှင့်ပြီးဖျော်ဖြေတင် ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
