ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ

ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ


Ministry of Information/ Naypyitaw / April 18, 2024
image_latest


နေပြည်တော် ဧပြီ ၁၇

ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့အန္တရာယ်ကင်းပရိတ်တရားတော်နာအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရုံးအမှတ် (၄) ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ဝင်မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာသဘအမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီး ဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီး/ခင်ပွန်းများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး အုန်းတောပရိယတ္တိစာသင်တိုက်တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာသဘထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်မဟာဂန္ထ ဝါစကပဏ္ဍိတဘဒ္ဒန္တအာသဘထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on May 26, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၂၅ ရက်၊ စနေနေ့။


Posted on May 25, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂၄ ရက်၊ သောကြာနေ့။


Posted on May 24, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on May 21, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024
AnnouncementsExplore more >

၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲအောင်စာရင်းကြေညာချက်

Posted on May 26, 2024

ပါဠိပထမပြန်စာမေးပွဲ(ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း)အောင်စာရင်း ထုတ်ပြန်ကြေညာခြင်းစဉ်အကြောင်းအရာအောင်စာရင်း(PDF)၁အောင်စာရင်းကြေညာချက်View PDF၂၁၃၈၅(၂၀၂၄)ခု

အသိပေးကြေညာချက် ၂ဝ၂၄ ခုနှစ်၊ မေလ ၂၄ ရက်

Posted on May 25, 2024

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀(င)နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ပါသည်။

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၆/၂၀၂၄)

Posted on May 24, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၆/၂၀၂၄)

HOT NEWS
January 4,