ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများခင်းကျင်းနေမှု ပြည်​ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်​ဆေး​

ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများခင်းကျင်းနေမှု ပြည်​ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်​ဆေး​


Ministry of Information/ Naypyitaw / April 25, 2024
image_latest


နေပြည်​တော် ဧပြီ ၂၄

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားအတွက် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC II) ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများ ခင်းကျင်းနေမှုတို့ကို ယနေ့ ည​နေပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်း သွား​ရောက်ကြည့်ရှု စစ်​ဆေးအား​ပေးသည်။

လေ့ကျင့်​နေမှုကို ကြည့်ရှုစစ်​ဆေး

ရှေးဦးစွာ ပြည်​ထောင်စုဝန်ကြီးသည် ခန်းမအတွင်း သာသနာ​ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ပြန်​ကြား​ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ ​ကျောင်းသား ​ကျောင်းသူများက ​တေးသီချင်းများ၊ ​တေးသရုပ်​ဖော်များဖြင့် သီဆို​ဖျော်​ဖြေတင်ဆက်​ရန် ​လေ့ကျင့်​နေမှုကို ကြည့်ရှုစစ်​ဆေးအား​ပေးသည်။

ထို့​နောက် ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်​နေသည့် ပြခန်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီးဌာန ၂၃ ခုမှ ပြခန်း​ပေါင်း ၇၆ ခန်း ခင်းကျင်းပြသသွားမည်ဖြစ်​ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024
AnnouncementsExplore more >

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Posted on May 3, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

HOT NEWS
January 4,