ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ ပထမရက် စတင်ကျင်းပ
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ ပထမရက် စတင်ကျင်းပ
Ministry of Information/ Naypyitaw / January 14, 2026
နေပြည်တော် ဇန်နဝါရီ ၁၃
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည်။
ကြားနာပွဲ ပထမရက်အဖြစ် ဇန်နဝါရီ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ကျင်းပရာ တရားရုံးဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီး ၁၀ ဦးနှင့် နှစ်ဖက်အမှုသည်များက ခန့်ထားသည့် တရားသူကြီးနှစ်ဦး တက်ရောက်ကြသည်။
ကြားနာပွဲတွင် တရားရုံးဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြောကြားပြီး ဂမ်ဘီယာနိုင်ငံ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ ရှေ့နေချုပ်နှင့် တရားရေးဝန်ကြီးက ရှင်းလင်းဆွေးနွေးပြောကြားကာ ဂမ်ဘီယာနိုင်ငံ၏ ပထမအကျော့ လျှောက်လဲမှုအဖြစ် ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေများက လျှောက်လဲခဲ့ကြကြောင်းနှင့် ဂမ်ဘီယာနိုင်ငံ၏ ပထမအကျော့လျှောက်လဲခြင်းကို ဇန်နဝါရီ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက...
Posted on Jan 14, 2026မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ
Certificate in Agribusiness Management-CABM(Batch I) သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကြေညာခြင်း
Posted on Jan 13, 2026ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Posted on Jan 13, 2026ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
