ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Ministry of Information/ Naypyitaw / September 04, 2025

နေပြည်တော် စက်တင်ဘာ ၃
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၈၁၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူငါးဦးရှိသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် အပျက်အစီးရှင်းလင်းရေးနှင့် ရှာဖွေကယ်ဆယ်ရေးများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၇၅ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်တွင်း၊ ပြည်ပမှစေတနာရှင်၊ အလှူရှင်များ၏ ကူညီထောက်ပံ့လှူဒါန်းပေးမှုများဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု
Posted on Sep 2, 2025အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု