စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားအသစ်ဖြင့် စတင်ကောက်ခံမည်

စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားအသစ်ဖြင့် စတင်ကောက်ခံမည်


Ministry of Information/ Naypyitaw / February 06, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ရုံး၊ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနကြီးမှူးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးမှု ဆိုင်ရာ အချက်အလက်များကိုလည်းကောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဓာတ်အားပို့လွှတ်မှုဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စက်မှုကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးအတွက် သီးခြားဓာတ်အားလိုင်းဖြင့် ၂၄ နာရီပေးရန် သဘောတူညီထားသော စက်မှု/ စီးပွားရေးလုပ်ငန်းများသို့ LNG To Power မှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြည့်ဆည်းပေးခဲ့သဖြင့် စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေး နှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်ပြီး ယခုလဖေဖော်ဝါရီ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထား အသစ်ဖြင့် စတင်ကောက်ခံမည်ဖြစ်သောကြောင့် ဇန်နဝါရီလကုန်အထိ သုံးစွဲခဲ့သော ဓာတ်အားခယူနစ်များကိုဌာနနှင့် မီးသုံးစွဲသူနှစ်ဦးတို့ကဖတ်၍ မှတ်တမ်းတင်ပြီး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရာတွင်လည်း ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဓာတ်အားခပြောင်းလဲမှုများတွင် ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများသည် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ပြီး ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုက ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း။

လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျစိစစ်သုံးစွဲ၍ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့်လုပ်ငန်းများ ပြီးပြတ်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဓာတ်အားခကောက်ခံ ရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အိမ်သုံးမီတာများ၊ ပါဝါမီတာများနှင့် စီတီမီတာများကို စစ်ဆေးဆောင်ရွက်ရာတွင်လည်း ဌာန၏ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသောဌာန ဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Posted on Feb 06, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Posted on Feb 04, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 04, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Posted on Feb 03, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Posted on Feb 02, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 01, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Feb 5, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

Posted on Feb 2, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Feb 4, 2026

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း