စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း DAEWOO BUS ထုတ်လုပ်သည့် အလုပ်ရုံနှင့် စက္ကူစက်ရုံ (ရေနီ) တို့အား ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း DAEWOO BUS ထုတ်လုပ်သည့် အလုပ်ရုံနှင့် စက္ကူစက်ရုံ (ရေနီ) တို့အား ကြည့်ရှုစစ်ဆေး


စက်မှုဝန်ကြီးဌာန/ Ministerial Office / March 01, 2024


နေပြည်တော်၊ ဖေဖော်ဝါရီ (၂၅)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသသည်။
    ထို့နောက် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်မည့်အစီအမံတို့ကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ခိုင်မာသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်တို့ကို သတ်မှတ်ထားရန်၊ နိုင်ငံတော်အနေဖြင့် လျှပ်စစ်မော်တော်ယာဉ်များနှင့်ပတ်သက်၍ မူဝါဒများရေးဆွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့်လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ (Corporate Social Responsibility - CSR) ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် Charging Station နှင့် ရွှေ့လျား Charger တို့အား သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး အသေးစားပျော့ဖတ်နှင့်စက္ကူ ထုတ်လုပ်သည့်စက်များ ပြုပြင်နေမှု၊ ချိန်ညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးမှပျော့ဖတ်များထုတ်လုပ်သည့် စက်အသေးစားများထုတ်လုပ်ရန် လမ်းညွှန်မှု ပြုထားသဖြင့် အသေးစားပျော့ဖတ်နှင့်စက္ကူ ထုတ်လုပ်သည့်စက်များအား အမြန်ဆုံးကောင်းမွန်အောင်ပြုပြင်ရန်၊ စက်ကိရိယာပစ္စည်းများ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်သည့်အခြေအနေများကို မှတ်တမ်းထားရှိရန်၊ တစ်နေ့လျှင် (၃)တန်မှ(၅)တန်အထိ ထုတ်လုပ်နိုင်သော အသေးစားပျော့ဖတ် ထုတ်လုပ်သည့်စက်များ ထုတ်လုပ်နိုင်ရေးအတွက် အဖွဲ့များဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ရန်နှင့် တစ်နေ့လျှင် (၁၀)တန်အထိ ထုတ်လုပ်နိုင်သည့် စက်များထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်၊ ထုတ်လုပ်မည့် အသေးစားပျော့ဖတ် ထုတ်စက်၏ ဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန်၊ တောင်သူများ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်၍ စေတနာအရင်းခံဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာများကိုလည်း ပြန်လည်စစ်ဆေး၍ ကောင်းမွန်အောင်ပြုပြင်ရန်၊ တစ်နေ့လျှင်တန်(၂၀) ထုတ်လုပ်နိုင်သည့် ကတ်ထူစက္ကူစက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် စက်အရန်ပစ္စည်းများ ထုတ်လုပ်ပေးသည့် စက်ပစ္စည်းများ ပြုပြင်မွမ်းမံပေးရသည့် စက်ပစ္စည်းများအား ကောင်းမွန်အောင် ပြုပြင်ထားရန်၊ စက်ရုံရှိဝန်ထမ်းများသည် ပျော့ဖတ် နှင့်စက္ကူများထုတ်လုပ်သည့် လုပ်ငန်းအတွေ့အကြုံများရှိပြီးဖြစ်သော်လည်း ခေတ်မီနည်းပညာများ ရရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Posted on Jul 27, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Posted on Jul 26, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Jul 25, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Posted on Jul 22, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >