စာပေဗိမာန်စာမူဆု (၂၀၂၅) ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း

စာပေဗိမာန်စာမူဆု (၂၀၂၅) ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း


Ministry of Information/ Naypyitaw / June 03, 2026
image_latest


ရန်ကုန် ဇွန် ၂

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် ဘာသာပြန်စာပေဖွံ့ဖြိုးရေးနှင့် ဘာသာပြန်ဝါသနာရှင်များ တိုးပွားရေးအတွက် စာပေဗိမာန်စာမူဆု ဘာသာပြန်စာမူပြိုင်ပွဲကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက်ရှိသည်။

၂၀၂၅ ခုနှစ်အတွက် ဘာသာပြန်ပြဋ္ဌာန်းစာအုပ်မှာ Yuval Noah Harari ရေးသားသည့် Homo Deus: A Brief History of Tomorrow မှ အပိုင်း (၁) တွင် ပါဝင်သည့် အခန်း (၂) ခန်းကို ထုတ်နုတ်ပြဋ္ဌာန်းထားသည့် စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း-၀၁၈-၃၈၁၄၄၈၊ နေပြည်တော်ရှိ သပြေကုန်းစာပေဗိမာန်အရောင်းဆိုင် ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ ၈၆ လမ်း၊ ၂၁/၂၂ ကြား၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် တန်ဖိုးငွေကျပ် ၂၃၀၀ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

ပြိုင်ပွဲဝင်စာမူ တင်သွင်းရာတွင် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်းခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်းချက်များကို စာပေဗိမာန်ရုံးတွင် ငွေကျပ် ၅၀၀ ဖြင့်သော်လည်းကောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ Website www.moi.gov.mm/ppd တွင် အခမဲ့သော်လည်းကောင်း ရယူနိုင်ပါသည်။ နယ်မှပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခအပါအဝင် စုစုပေါင်းငွေကျပ် ၉၀၀၀ ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ၊ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ၊ စာပေဗိမာန်ရုံး၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁၈-၃၈၁၄၄၉ သို့ လိပ်မူ၍ မှာယူနိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ အထက်ဖော်ပြပါလိပ်စာသို့ပင်လိပ်မူ၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026
AnnouncementsExplore more >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Jun 1, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်