စွမ်းအင်ဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
စွမ်းအင်ဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / July 01, 2025

နေပြည်တော် ဇွန် ၃၀
စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သဇင်လမ်း (တော်ဝင်သီရိလမ်းနှင့် မြတ်မင်္ဂလာလမ်းကြား) လမ်းဘေး ဝဲယာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
လှည့်လည်ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိဝန်ကြီးနှင့် တာဝန်ရှိသူများ က သတ်မှတ်နေရာများ၌ ကံ့ကော်၊ ခရေ၊ ကျွန်းနှင့် ပျဉ်းကတိုးပျိုးပင်များကို စတင်စိုက်ပျိုးပေးပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန နှင့်လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများက ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ကျည်း၊ သစ်ဆိမ့်ပင် ၄၀၈ ပင်ကို သတ်မှတ်နေရာများ၌ အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့အတူ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများ၊ ရေနံမြေများ၊ စက်ရုံ၊ အလုပ်ရုံများ၌လည်း ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ကျည်း၊ သစ်ဆိမ့်ပင်၊ သပြေ၊ ကုက္ကို၊ ဝက်သစ်ချနှင့် အခြား အရိပ်ရ လေကာပင် စုစုပေါင်း ၄၅၆၀ ကို စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
အမည်မည်းစာရင်းကြေညာခြင်း
Posted on Jul 1, 2025၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Posted on Jun 30, 2025Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း
Posted on Jun 30, 2025Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း