တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း အသိပေးကြေညာခြင်း
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း အသိပေးကြေညာခြင်း
Ministry of Information/ Naypyitaw / November 17, 2025
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်မည်ဖြစ်ပါသည်။ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနက် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် ၁၇ - ၁၁ - ၂၀၂၅ ရက်နေ့မှ ၂၁ - ၁၁ - ၂၀၂၅ ရက်နေ့အထိ နံနက် ၀၉၀၀ နာရီမှ ညနေ ၁၆၃၀ နာရီအတွင်း မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
